part-5

34 5 2
                                    


*We are the lovesick girls.....*

နေပြည်တော်ရဲ့နွေရာသီိမှာ အလွန်ပူပြင်း လှသည်။ ညည ဆိုလည်း အပူဒဏ်က သိပ်မလျော့ သဖြင့် မင်းနွေဦး တော်တော်နဲ့ အိပ်မပျော်။ မိုးလင်း ခါနီး အိပ်ကောင်းချိန်ကျတော့လည်း phoneက နှောင့်ယှက်ပြန်ပြီ။

"ဟာ ... အိပ်မလို့ပါဆို"

အိပ်မှုန်စုံမွှားနှင့် ကုတင်ဘေးက phoneလေးကို သွား ယူလိုက်တယ်။ Phone မျက်နှာပြင်ပေါ်က နံပါတ်လေးကို ကြည့်ပြီး နွေဦး phoneကိုင်လိုက်တယ်။ နားနားတောင်သိပ်မကပ်ရသေးဘူး ကြားနေရပါပြီ။

" နိုးပြီလား ညီလေး"

သူ့အသံကြားလိုက်ရင် လူက မျက်စိပါပြူးသွားတယ်။အသံ​ဩဩ လူကြားထဲမှာလည်း အသံနည်းနည်း တိုးခိုင်းလည်းမရပါဘူး။

"နိုးပြီအကို အစောကြ်ိး ဘာလို့phoneဆက်တာလည်း "

"အော် ဒ်ီနေ့ သူတို့က ဇီဇဝါ အဝိုင်းမှာ ဆန္ဒထုတ်ဖော်မှာလေ။ မင်းလိုက်မလားလို့။"

"အင်း လိုက်မယ်လေ။ အခုတော့ အိပ်လိုက်အုံးမယ်။"

"ဟေ့ မအိပ်နဲ့တော့ ခနနေ လာခေါ်မယ်လေ။ မနက်စာ ကျွေးမယ် မင့်ကို။"

"အင်း ...ပြီးတာပဲ"

"ဒါပဲ"

*------*
Phoneကို တန်းချသွားတာ။ ကျနော် တောင် ဘာမှ မပြောရသေးဘူး။ ကျနော် လည်း အိပ်ယာပေါ်က ဆင်းလိုက်ပြီး ရေချိုးဖို့ပြင်လိုက်တယ်။ ပြီးတော့ အဝတ်အစား လဲ ပြီး အဆင်သင့်ပြင်ထားလိုက်တယ်။

အိမ်ကအမေတို့ကတော့ ကျနော့်ကို ပြောမရလို့ လွှတ်ထားတဲ့ ပုံစံတွေနဲ့ပေါ့။ တကယ်တော့ ကျနော့်ကို သူတို့ ပလစ်ထားလဲ ကိစ္စ မရှိပါဘူး။ ကျနော် နဲ့ အဖော်လိုက်ပေးမယ် အကို ရှိတာပဲလေ။ဟိုက မနက်စာလည်းကျွေးမှာ။

မင်းနွေဦးတစ်ယောက် vinyl လေးကိုင်ပြီး တိုက်အောက် ဆင်းသွားတယ်။ အချိန်အား ဖြင့် 8နာရီကျော်ကျော် ပေါ့။သူတို့က ဆိုင်ကယ်နဲ့သွားမှာ ဆိုတော့ ဒီအချိန်လောက်သွားမှ တော်ကာကျမှာလေ။

မင်းနွေဦး phoneလေး ထုတ်ပြီး IG filterလေးတွေနဲ့ effect စမ်းနေခဲ့တယ်။ ပြီးတော့ မတော်တဆ IG chat boxထဲရောက်သွားတယ်။ သူ ပိုင်မင်းခန့်နဲ့ အမှတ်တရ အကုန်ဖျက်စီးပစ်လိုက်ပေမယ့် ဒီIg chat boxကိုတော့ ဘယ်လိုလုပ် ကျန်ခဲ့လည်း မသိပါဘူး။ မင်းနွေဦး ထွေထွေထူးထူး စဉ်းစား မနေဘဲ deleteလုပ်ပစ်လိုက်သည်။ ပိုင်မင်းခန့်ကိုလည်း block လိုက်သည်။

Let Me Kiss You Hard In The Pouring Rain.Where stories live. Discover now