part-6

26 4 0
                                    


မနက်ရောက်တော့ ကျနော် ဆန္ဒသွားပြဖို့ပြင် ရတယ်။ ကျနော် က မနက်ဝတ်မယ့် အဝတ်အစားတွေကို ညကတည်းကကြိုထုတ်ထားတော့ ပြင်ဆင်ရတာ သိပ်မကြာပါဘူး။ အိမ်ကလည်း ကျနော့်ကို သိပ်စိတ်မပူဘူး။ ဟိုလူကြီးပါတာကိုး။ ဘာပဲဖြစ်ဖြစ် ကျနော်ကိုယ်တိုင်ကလည်း သူပါလို့သာ ဒီလောက် လူတောတိုးရဲတာ။ တစ်ယောက်ထဲဆို သိမ်ငယ်သလိုလိုတော့ ဖြစ်တယ်ဗျ။

ကျနော် skirtလေးဝတ်ပြီး တိုက်အောက် ဆင်းလာခဲ့တယ်။ အောက်က boxerသေးသေးလေးပဲပါတော့ တယ်။ လူက လေတိုက်လိုက်ရင်ကို တွန့်သွားသလိုပဲ။ ကျနော် တိုက်အောက် platformပေါ်ကနေ အကို့ကို စောင့်နေလိုက်တယ်။ အကို မရောက်လာသေးတာနဲ့ကျနော် အပေါ်ပြန်တက်ပြီး sun creamလေးပြန်သွားယူလိုက်တယ်။ အကယ်၍ သူအင်္ကျီချွတ်ပြီး ဆန္ဒပြရင် လိမ်းဖို့ပါ။

(အကိုဆိုတာ ထက်ရှိန်းအောင် ကိုပြောတာပါ)

ကျနော် တိုက်အောက်ပြန်ဆင်းလာပြီး မကြာပါဘူး သူဆိုင်ကယ်နဲ့ရောက်လာတယ်။ ပြီးတော့ ဆိုင်ကယ်ကို ကွေ့ပြီးတော့ ကျနော့်ကို ပြုံးပြုံးကြီး ကြည့်နေတယ်။

"ဘာလို့ပြုံးနေတာလဲဗျ"

"အော် ဒီတိုင်းပါ ချစ်စရာကောင်းလို့"

"ဟားဟား....ဘာဝယ်ကျွေးရမှာလည်း အကို့ကို"

"အကိုက အတည်ပြောနေတာ"

"ဟုတ်ပါပြီ....ခုတော့ သွားရအောင် ဒီနေ့ပျဉ်းမနားထိသွားရမှာမလား"

"အင်း သွားကြမယ်။ "

သွားမယ်ဆိုကာမှ ကျနော် အခက်တွေ့နေပြီ။ ခွထိုင်ရမလား။ ဘေးတစောင်းထိုင်ရမလား ကျနော် မစဉ်းစားတတ်တော့ဘူး။

*ဘုတ် ဘုတ် ဘုတ် တေတော့ဖြစ်ပြီ*

ကျနော် စိတ်ထဲကပြောလိုက်သည်။

"မင်းအဆင်မပြေဘူးလား"

"ဘောင်းဘီသွားလဲ ပါလား"

"အကို စောင့်နေမယ် "

"ဟင့်အင်း တော်ပြီ။ဒီတိုင်းသွားမယ်။ "

ကျနော် skirtဝတ်ချင်လို့မှ ဝတ်လာပါတယ်ဆို ဘောင်းဘီတော့ပြန်မလဲနိုင်ပါ။ ကျနော် ဘေးတစောင်းထိုင်လိုက်တယ်။ လက်တဖက်က သူ့ခါးကိုဖက်ထားပြီး တဖက်က skirt ကိုဖိထားလိုက်တယ်။

Let Me Kiss You Hard In The Pouring Rain.Where stories live. Discover now