"ကောင်လေး...မိုးရွာထဲ ဘာလုပ်နေတာလည်း"ပိုင်ရှင်းခန့် ပုံစံလေးက အရင်အတိုင်းပင်။ ဘာမှပြောင်းလဲမှုမရှိ။ သူတို့နှစ်ယောက်ကြား ပြဿနာတစုံတရာ မရှိခဲ့သလို ညီအကို နှစ်ယောက် ပြန်တွေ့တဲ့ပုံစံမျိုးဖြင့် မင်းနွေဦးကို စကားပြောနေသည်။
"ကျနော် အိမ်ပြန်မလို့ "
မင်းနွေဦး ခပ်ပြတ်ပြတ် ပြောလိုက်သည်၊ ပြန်တွေ့တာကိုဝမ်းသာသလို ဝမ်းနည်းစိတ်လည်းဖြစ်ရသောကြောင့်ဖြစ်သည်။ ကိုယ့်ရဲ့ First love,ကိုယ့်အသည်းကို ခြွေမွသွားခဲ့သူမဟုတ်ပါလား။"အကိုလိုက်ပို့ပေးမယ်"
မိုးရွာထဲ အနားကို ပြေးကပ်လာတဲ့ပိုင်ရှင်းခန့်။
"ရပါတယ် ကျနော် လမ်းလျှောက်ပြန်မာ "
မင်းနွေဦး ပိုင်ရှင်းခန့်ကို အနားအကပ်မခံ ပြောရင်းဆိုရင်းသူနဲ့ဆန့်ကျင်ဘက်ကို ခွာသွားလိုက်တယ်။
"ဘာလို့လည်း မင်းဖျားမယ်။ အကိုလိုက်ပို့မယ်"
"မဟုတ်ဘူး ကျနော် လမ်းလျှောက်ပြန်ချင်လို့"
"အကိုက စေတနာနဲ့ပါ လိုက်ပို့ပါရစေ"
ပိုင်ရှင်းခန့်ရဲ့ ခယပြောဆိုမှုကို မင်းနွေဦး မငြင်းဆန်နိုင်၊ လက်ခံလိုက်သည်။ နဂိုကမှ အားနာတတ်သူမို့ အခုလို လူရင်းသူစိမ်း ကို ငြင်းနိုင်စွမ်းမရှိ။
ကားတံခါးဖွင့်ပေးပြီး မင်းနွေဦးကို ဝင်ထိုင်ခိုင်းလိုက်တယ်။
"ခနလေးနော် အကို စီးကရက်ဝယ်ပြီး ပြန်လာခဲ့မယ်"
ခနနေလောက်ကျတော့ ပိုင်ရှင်းခန့်ကားထဲဝင်လာသည်။ စီးကရက်ဘူးတွေ Beer ဘူးတွေ နဲ့ ထူးထူးခြားခြား Dutch mail ဘူးလေးတဘူးပါလာသေးသည်။
ကားကမိုးရွာထဲမာ နှေးနှေးလေးသာမောင်းနေသည်၊ ထူးထူးခြားခြား လမ်းကျယ်ကြီးပေါ်မာ သူတို့ကားတစီးသာကျန်သည်၊
*တော်သေးတယ် ငါမငြင်းလိုက်လို့။ မဟုတ်ရင်ဒီလမ်းကြီး ငါတယောက်ထဲပြန်ရမာ .... တော်ပါသေးတယ်*
YOU ARE READING
Let Me Kiss You Hard In The Pouring Rain.
Fiksi RemajaMy first fiction.🎭 စာလုံးပေါင်းမှားရင် ထောက်ပြကြအူံး ကျမကို🙂👍