Part-7

30 4 0
                                    


ဆန္ဒထုတ်ဖော်ပြီးနောက် ကျနော့်ကို မုန့်ကျွေးပြီးအကိုကအိမ်ပြန်ပို့တယ်။အိမ်အောက်ရောက်တော့

"ညီလေး"

"ဗျာ..."

"အကို တို့ မနက်ဖြန်တွေ့လိုရမလား"

"အင်းတွေ့မယ်လေ။"

"ရေး..."

မှိုရတဲ့ မျက်နှာနဲ့ ဆိုင်ကယ် မောင်းပြီး ပြန်သွားတဲ့ အကို့ကို ကျနော်ရီချင်မိသည်။ နေ့တိုင်းလည်း တွေ့နေကျတဲ့ ဟာကို ဘာလို့ အထူးအဆန်း လုပ်နေပါလိမ့်နော်။

ကျနော် ရေမိုးချိုးပြီး phoneလေးကိုကြည့်လိုက်တယ်။

*8:04p.m*

ဒီအချိန်သူ phoneဆက်နေကြပါ။ ဘာလို့ ဒီနေ့ကျ မဆက်တာလည်း။ ကျနော် ဆက်မတွေးတော့ပါ မနက်ဖြန်လည်း ပုံမှန်အတိုင်း သူကျနော့်ကိုလာခေါ်မှာပဲ​ေလ။ ကျနော် အိမ်ကလူတွေနဲ့ TVကြည့်နေလိုက်တယ်။ ညဉ့်နက်လောက်မှ ကျနော် အိပ်ယာထဲ ဝင်ခဲ့တယ်။ အိပ်ပျော်ခါနီး လောက်ကျမှ phoneဝင်လာလို့ ကျနော် လန့်သွားတယ်။ ဘယ်သူများလည်းပေါ့။ပြီးမှ

"Hello"

"အင်း"

"အကိုလား"

"အင်း"

"ဘာပြော မလို့လဲ အကို"

" အင်း အကို မနက်ဖြန်လာခေါ်မယ်လို့"

"ဟုတ်ပါပြီ ဘယ်အချိန်လည်း"

"မနက်ပိုင်း​ေပါ့"

"အင်း အာ့ဆို ကျနော် အဆင်သင့်ပြင်ထားမယ်နော်။အခုတော့"

"ကလေး နေပါအုံး။Phone မချပါနဲ့အုံး"

ကျနော့်ကို "ကလေး" တဲ့ ထပ်ခေါ်ပြန်ပြီ။ ကျနော် ကြိုက်ပါတယ် အဲ့လိုခေါ်တာလေးကို။ ပြောရမယ်ဆို ကျနော်က အရမ်း ချစ်လွယ်တယ် တယောက်ယောက် ကိုယ့် ကို ဂရုစိုက်ပြလာပြီဆို အဲ့လူကို စွဲလမ်းမိတယ်။

"ဘာလို့လဲ အကို"

"ကလေး အသံလေးနားထောင်ချင်လို့"

"ကျနော့်ကို ကလေးလို့ မခေါ်ပါနဲ့ဆိုဗျာ"

"ဒီညတော့ အကို့ကိုခေါ်ခွင့်ပြုပေးပါကွာ"

Let Me Kiss You Hard In The Pouring Rain.Where stories live. Discover now