Part-4

42 4 0
                                    

ညဘက်ရောက်တော့ ကျနော် သူ့Accကို သွား add လိုက်တယ်။ သူက တန်း acceptလုပ်လိုက်တယ်။ ကျနော် က ကားပေါ်မှာ ဖြစ်ခဲ့တာတွေ ပြန်တွေးပြီး ရင်ခုန်နေတာ သူကကော ဘလိုဖြစ်နေမလဲ မသိခဲ့ဘူး။ ပြီးတော့ သူကကျနော့်ကို ကြိုက်လို့ရလားလို့ပဲမေး ခဲ့တယ် ။ကျနော် ဘာမှ ပြန်မဖြေ ခဲ့ ဘူး။ ဒါပေမယ့် ဒီအဆင့်ထိရောက်နေပြီလေ ။ ချစ်လို့ ဒီလိုလုပ်တာ နေမှာပေါ့။

Phထဲ ကိ​ု messageတစ်စောင်ဝင်လာတယ်။ သေချာတယ် သူ့ဆီကပါပဲ။ "hi" တဲ့ ကျနော်လဲ ခပ်မြန်မြန်ပဲ "ဟုတ်" ဆိုပြီး Reply ပြန်လိုက်တယ်။

ခဏနေကျတော့ ဘာမမေးညာမမေး နဲ့ Video Call ကြီးခေါ်ချလာပါလေရော။ ကျနော်က လည်း အစက Decline လုပ်မလို့ပါ၊ ပြီးမှ မကောင်း ဘူး ထင်ပြီး ကိုင်လိုက်တယ်။

"Hello"

အင်္ကျီဗလာနဲ့ အကိုပါဗျာ။ ဘာလို့ အင်္ကျီမဝတ်ပဲနေမှန်းကို မသိဘူး။

"ဟုတ်အကို"

"ဘယ်လိုလဲ"

" ဘာကိုလဲ အကို"

"ဒီနေ့ ကားစီးခဲ့တာကိုပေါ့"

"အင်း ပျော်စရာကောင်းပါတယ်။ဒါပေမယ့် မိုးရွာတာ အဆင်မပြေဘူး သိလား။"

"မိုးရွာလို့ ပိုပျော်ရတာလားလို့ ကောင်လေး"

"ဟာ မဟုတ်ပါဘူးနော်"

ကျနော်တို့ Video call ကို အချိန်အကြာကြီးပြောခဲ့ကြတယ်။ နောက်တခေါက် တွေ့ကြဖို့ကိုလည်း ပြောဖြစ်ခဲ့ ကြသလို ကျနော် တို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် သဘောကျကြောင်းလည်း အတည်ပြုဖြစ်ခဲ့ကြတယ်။"ညီ" နဲ့ "အကို" ဆိုတဲ့ အခေါ်အဝေါ်လေးတေပါ ပြောင်းခဲ့ကြသေးတယ်။အခုတော့ ကျနော့်Accမာ Singleဆိုတာ ကြီးပျောက်သွားပြီး
In a relationshipလေးနဲ့ပေါ့ ။ အဲ့လိုနဲ့ သူနဲ့ကျနော် နဲ့ ခနခန တွေ့ဖြစ်ကြတယ်။ဒါပေမယ့် မိုးရွာတဲ့ နေ့တုန်းကလို အဖြစ်မျိုးတော့ ပြန်မဖြစ်ခဲ့ကြပါဘူး ။ပြီးတော့ သူကျနော့်ကို sex လုပ်ဖို့တောင်း ဆိုတိုင်းလည်း ကျနော် ကငြင်းဆဲပါ။ ကျနော်တို့ နှစ်ယောက်ပုံစံက ညီအစ်ကို လိုပုံစံမျိုးတောင်ဖြစ်လာခဲ့ပြီ။ ကျနော် က နှုတ်ခမ်းချင်းနမ်းမယ်ဆိုရင်တောင် သူက ပါးပဲ နမ်းခဲ့တာမျိုးပေါ့။ ဒါပေမယ့် သူ့ကို စိတ်ပျက်လားဆိုတော့ Noပါကျနော် သူ့ကို အရမ်းချစ်တယ်။ သူကရော ကျနော့်ကို ချစ်သေးရဲ့ လား။ ကျနော် မသိတော့ဘူး။

Let Me Kiss You Hard In The Pouring Rain.Where stories live. Discover now