15~♠

1.6K 252 7
                                    

တိတ်ဆိတ်ငြိမ်သက်နေတဲ့ လေထု
လေတစ်ချက်အလွှင့်စီတိုင်းမှာ
တစ်ရွက်ချင်းကြွေကျနေတဲ့ သစ်ရွက်တွေ...
ဖွင့်ထားတဲ့ပြတင်းပေါက်ဖက်ကို မျက်နှာမူထားတဲ့
ဖြူလွလွကျောပြင်ကျယ်...
အေးချမ်းခြင်းလို့မဆိုနိုင်တဲ့ အေးစက်ခြင်းအချို့

အားလုံးကိုပေါင်းစည်းလိုက်တဲ့အခါ
ဝမ်ရိပေါ်က တကယ်ကြီးကိုသူ့ကိုလျစ်လျူရှုနေခဲ့ပါတယ်။စကားတစ်ခွန်းတောင်ဟမလာခဲ့တဲ့အပြင်
သူ့မျက်လုံးတွေထဲကိုတောင် လှည့်ကြည့်မလာခဲ့ပါ။

အကြောင်းရင်းကိုပြန်ရှာတဲ့အခါ တကယ်ကိုဘာမှရှိမနေခဲ့ဘူး။သူက သူဒီနေ့ဖြတ်ကျော်ခဲ့တဲ့အဖြစ်အပျက်တွေအကြောင်းကိုဝမ်ရိပေါ်ကိုအားတက်သရော
ပြောပြခဲ့ရုံလေးပဲ။အိမ်ပေါ်ကဆင်းလာခဲ့တဲ့အကြောင်းနဲ့သေချာပေါက်လီရှင်းရီနဲ့ဆုံခဲ့တဲ့အကြောင်းကိုရောပေါ့။သူအတိအကျကြီးမှတ်မိလိုက်တာတစ်ခုကတော့အဲ့ဒီအကြောင်းတွေပြောပြီးတဲ့နောက်ပိုင်းကစလို့ဝမ်ရိပေါ်ကတစ်လျှောက်လုံးသူ့ကိုလျစ်လျူ ရှုနေခဲ့တော့တာပါပဲ။အခုလို တစ်ချက်ကလေးတောင် လှည့်ကြည့်မလာပဲနဲ့လေ။

ဒီအကြောင်းတွေကိုဝမ်ရိပေါ်ကိုပြောပြတဲ့အခါဝမ်ရိပေါ်ကသေချာပေါက်သူ့အတွက်ဂုဏ်ယူပြီးကျေနပ်နေလိမ့်မယ်လို့ရှောင်းကျန့်ကတွေးခဲ့တယ်။အခုတော့
ဝမ်ရိပေါ်ရဲ့သူ့အပေါ်တုံ့ပြန်မှုကထင်ထားတာတဲ့
တက်တက်စင်အောင်လွဲခဲ့ပါတယ်။တကယ်ပဲ
သူဘယ်နေရာများအမှားပါသွားလို့လဲ။

တိတ်ဆိတ်နေမှုကြီးက တကယ်ကိုအနေရခက်စေတယ်။စိတ်ဆိုးနေတာဆိုရင်တောင် ရှောင်းကျန့်က
ဘယ်လိုချော့မြူ ရမလဲဆိုတာကိုမသိလောက်တဲ့အထိ တုံးအတဲ့သူပဲလေ။ဒါကိုဝမ်ရိပေါ်ကိုယ်တိုင်လည်း သိနှင့်ပြီးဖြစ်လောက်ရောပေါ့။

ဒီအတိုင်း 'မင်းစိတ်ဆိုးနေတာလား'လို့မေးလိုက်ဖို့ကလည်း အတော်ကြီးဗရမ်းဗတာနိုင်နေပါလိမ့်မယ်မဟုတ်လား။ဘာလုပ်ရမှန်းမသိတဲ့အဆုံး ရှောင်းကျန့်ကငြိမ်ငြိမ်လေးထိုင်နေခဲ့တယ်။ကျောခိုင်းထားတဲ့လူငယ်လေးရဲ့ ဆံချည်မျှင်လေးလေးကအစမလစ်လပ်စေရအောင် ငေးရင်း....ဒီအတိုင်းလေး ထိုင်နေခဲ့ပါတယ်။

Every Little Thing (Completed)Where stories live. Discover now