1~🍭

5.7K 418 17
                                    

ပူပြင်းတဲ့ နွေရက်ရှည်တွေကို သိပ်မုန်းပါတယ်။
ပြတင်းပေါက်ကို ဖွင့်မိတော့ တိုးဝင်လာတဲ့ အပူရှိန်က ဘယ်နေရာမှ သဘောကျချင်စရာ ကောင်းမနေဘူး။

အခန်းကျဉ်းထဲကို ဟိုရှာဒီရှာကြည့်မိတော့ သက်သောင့်သက်သာ လှဲလို့ရတဲ့နေရာဆိုလို့ လူနာကုတင်ကလွဲပြီး ဘာမှမရှိ။
အသာလေးဝင်လှဲပြီး မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။သောက်ရမ်းပျင်းဖို့ကောင်းတဲ့ ဒီအလုပ်ကို
ဘာလို့များ လက်ခံမိပါလိမ့်။

အသက်27နှစ်အရွယ်...သူများတွေ အလုပ်နဲ့အကိုင်နဲ့ အတည်တကျရှိနေချိန် သူကတော့ မွေးရပ်မြေကိုပြန်ပြီး တက္ကသိုလ်တစ်ခုရဲ့ ဆေးပေးခန်းမှာဆရာဝန်ယောင်ယောင်၊ဘာယောင်ယောင်။

ငယ်ပေါင်းကြီးဖော် ဝမ်ကျိုးချန်ကြောင့်သာမဟုတ်ရင်
ဒီနေရာကိုတောင် ရောက်နေမှာမဟုတ်ဘူး။
ငဲ့ညှာရမယ့် မျက်နှာတွေသာမရှိရင် အဝေးဆုံးကို
ထွက်ပြေးသွားလိုက်တာ ကြာပြီ။
ဘဝကြီးက အဲ့လောက်လည်း အဖိုးတန်မနေတော့ပါဘူး။

အတွေးထဲမှာလွင့်မြောရင်း မျက်လုံးတွေက မှေးစင်းလာတယ်။အိပ်ပျော်လုဆဲဆဲမှာပဲ ဝုန်းခနဲတံခါးဖွင့်သံကြောင့် မျက်လုံးကအော်တိုပွင့်တယ်။

"ဟင်...ဘယ်သူမှမရှိဘူးလား"

"ဒီမှာ"

လူနာကုတင်ပေါ်က ကုန်းရုန်းထလို့ ပြန်ထူးမိတော့
တစ်ဖက်ကချာတိတ်က သူ့ကိုမျက်တောင်မခတ်တမ်း စိုက်ကြည့်နေတယ်။တောင့်တောင့်ကြီးရပ်ပြီး စိုက်ကြည့်နေလိုက်တာများ အသက်မရှိတဲ့ အသေကောင်ကြီးလို။

ကျောင်းသားနဲ့ တစ်စက်ကလေးမှ မတူတဲ့အသွင်အပြင်နဲ့ ချာတိတ်က ဖရိုဖရဲကျောင်းဝတ်စုံကို ရင်ဘတ်ကြယ်သီးနှစ်လုံးဟပြီးဝတ်ထားတယ်။ဂုတ်ထောက်နေတဲ့ဆံပင်ရှည်က သူ့စတိုင်နဲ့သူတော့ ဟုတ်နေပေမယ့် ရှောင်းကျန့်အတွက်တော့ မျက်စိရှုပ်စရာ။တို့လို့တွဲလောင်း နားကပ်တွေကလည်း မျက်နှာသေးသေးလေးနဲ့မှမလိုက် ရှုပ်ယှက်ခတ်လို့။

"ခင်ဗျားက ဆရာဝန်လား"

"မဟုတ်ဘူး။သန့်ရှင်းရေးလုပ်တဲ့သူ"

Every Little Thing (Completed)Tempat cerita menjadi hidup. Temukan sekarang