ဝမ်ရိပေါ်ထွက်သွားပြီး ပထမလ
ရှောင်းကျန့်ကအိမ်ပေါ်ကဆင်းလာခဲ့တယ်။
သူစုထားတဲ့ပိုက်ဆံတွေနဲ့တိုက်ခန်းတစ်ခန်းငှါးခဲ့ပြီး
သူ့ဘဝရပ်တည်မှုအတွက်ရှေ့ဆက်ဖို့ကြိုးစားတယ်။
အနည်းငယ်ခက်ခဲပေမယ့် သူကျော်ဖြတ်နိုင်မယ်လို့
ယုံကြည်နေတုန်းပဲ။အတိတ်တွေကိုလည်းလွတ်ချခဲ့ပြီးပြီမို့ သူ့အတွက်သိပ်ကိုပေါ့ပါးနေခဲ့ပါတယ်။#####
ဝမ်ရိပေါ်ထွက်သွားပြီး ဒုတိယလ
ရှောင်းကျန့် အလုပ်ရခဲ့ပြီ။ပေါင်မုန့်ဆိုင်တစ်ခုမှာ
အချိန်ပိုင်းဝန်ထမ်းအဖြစ်သူအလုပ်ရခဲ့တယ်။
မားမားကအိမ်ပြန်လာခဲ့ဖို့အကြိမ်ကြိမ်တောင်းပန်ပေမယ့် ရှောင်းကျန့်ကအဆုံးထိခေါင်းမာဖို့ကိုရွေးချယ်ခဲ့ပါတယ်။သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်တဲ့အခါမှ
သူကပါးပါးကိုရင်ဆိုင်မယ်လို့ဆုံးဖြတ်ထားတယ်။#####
ဝမ်ရိပေါ်ထွက်သွားပြီး တတိယလ
ရှောင်းကျန့်ဆီကိုစာတစ်စောင်ရောက်လာခဲ့ပါတယ်။
အဖြူရောင်စာအိတ်ကိုဖွင့်တော့ပထမဆုံးစာရွက်ခေါက်လေးထွက်လာခဲ့တယ်။
*သို့/
ဆရာရှောင်းကျန့်ကျွန်တော် ဝမ်ရိပေါ် စာရေးလိုက်ပါတယ်။
ဖုန်းခေါ်လို့ရမှန်းသိပေမယ့် ဆရာရှောင်းကျန့်အသံကြားတာနဲ့ချုံချင်းကိုချက်ချင်းပြေးလာမိမယ့်ကိုယ့်စိတ်ကိုယ်သိတာမို့ စာနဲ့ပဲပြောမယ်နော်။ဘာမှထွေထွေထူးထူးတော့မဟုတ်လောက်ပေမယ့် ကျွန်တော်က ဆရာရှောင်းကျန့်နဲ့ပတ်သတ်တာလေးတွေကို ဒီအတိုင်းစိတ်ကူးပေါက်ရာချရေးထားတာမို့
အနှောက်အယှက်ဖြစ်စေမိရင် ကြိုပြီးတောင်းပန်ပါတယ်။ဝေးကွာနေရတဲ့ပစ္စုပ္ပန်တွေကိုခနလောက်ဖြစ်ဖြစ်မေ့ဖျောက်ထားချင်တာမို့ အမှတ်တရတွေရှိခဲ့တဲ့
အတိတ်တွေဆီကိုပဲခေါ်ဆောင်သွားပါမယ်။သေချာပေါက် ကျွန်တော့ကိုမေ့သွားလို့မရအောင်
အတိတ်တွေကိုပြန်တူးဖော်ကြမယ်လေ*အမှာစာလိုလိုစာကိုကြည့်ပြီးရှောင်းကျန့်က
ခပ်ဖွဖွပြုံးတယ်။ဝမ်ရိပေါ်ကတော့ တကယ်ပါပဲ။
KAMU SEDANG MEMBACA
Every Little Thing (Completed)
Fiksi Penggemarနွေဦးရဲ့ရင်ခုန်သံ တိုးလျလျက ငြင်သာစွာ။ ကျရှုံးရာ မျက်ဝန်းအိမ်လေးတွေမှာ ကမ္ဘာတည်လို့ ရိုးရိုးရှင်းရှင်းလေးပဲ အချစ်ကိုခံစားကြည့်ရအောင်။ နွေဦးရဲ့ရင်ခုန်သံ တိုးလ်လ်က ငြင်သာစွာ။ ကျရှုံးရာ မျက်ဝန်းအိ်မ်လေးတွေမှာ ကမ်ဘာတည်လို့ ရိုးရိုးရှင်းရှင်းလေးပဲ အချစ်...