13~🌁

1.6K 259 13
                                    

ဝမ်ရိပေါ်ဆေးရုံတက်တာ လေးရက်မြောက်။

"မားမားကအလုပ်ကိစ္စနဲ့ခရီးထွက်သွားတာမို့
ကျွန်တော်ဆေးရုံတက်ရတဲ့ကိစ္စကိုအသိမပေးပါနဲ့"
ဆိုတဲ့တောင်းဆိုချက်ကြောင့် ဝမ်ရိပေါ်ရဲ့ဝေယျာဝစ္စအားလုံးက ရှောင်းကျန့်ခေါင်းပေါ်ပုံကျတယ်။

ဒါပေမယ့်လည်း ​ရှောင်းကျန့်ကမငြီးငြူခဲ့တဲ့အပြင်
သူကိုယ်တိုင်လိုလိုလိုလားလားနဲ့ ဝမ်ရိပေါ်ကိုဂရုစိုက်ပေးချင်ခဲ့ပါတယ်။

"ဒေါက်တာရှောင်း ဒီနေ့နည်းနည်းနောက်ကျတယ်နော်"

ကျန်းဖန်ရှင်းကနာရီကိုတစ်ချက်လှမ်းကြည့်ပြီးပြောတယ်။

"အင်း။ကိုယ့်အသိတစ်ယောက်နဲ့တွေ့လို့စကားပြောနေတာနဲ့နောက်ကျသွားတယ်။မင်းလည်းအိမ်မပြန်ရသေးဘူးမလား။ကိုယ်ရောက်လာပြီဆိုတော့ အိမ်ပြန်ပြီးနားတော့လေ။ကျောင်းလည်းသွားရဦးမှာမလား"

"ဟုတ်။ကျွန်တော်ခုနကပဲ ရိကောကိုမနက်စာကျွေးပြီးဆေးတိုက်ပြီးသွားပြီ။အာ့ဆိုကျွန်တော်သွားပြီနော်"

ကျန်းဖန်ရှင်းဆိုတဲ့ကောင်လေးက ရိပေါ်ကိုအတော်ခင်တွယ်ပါတယ်။ဆေးရုံစတက်တဲ့နေ့တုန်းကဆို
ရိပေါ်အနားကတစ်ဖဝါးမှမခွာခဲ့ဘူး။

တကယ်တော့ကျန်းဖန်ရှင်းရှိလို့လည်း ရှောင်းကျန့်အတွက်အနည်းငယ်သက်သာရာရတယ်။
လူနာလိုဆက်ဆံခံရတာကိုသဘောမကျတဲ့ရိပေါ်က
သူ့အနားမှာလူတွေအများကြီးရှိနေမှာကိုလည်း
မကြိုက်ပြန်ပါဘူး။
ဒါကြောင့် ရှောင်းကျန့်နဲ့ဖန်ရှင်းကပဲအလှည့်ကျ
ရိပေါ်အနားမှာနေပေးရတယ်။

လူနာကုတင်ပေါ်တစ်ချက်ကြည့်မိတော့ ရိပေါ်ကို
မတွေ့တာကြောင့် တံခါးပေါက်နားမှာပြန်လုဆဲဆဲ
ဖြစ်နေတဲ့ဖန်ရှင်းကိုအမြန်လှမ်းမေးရတယ်။

"ဖန်ရှင်း...ဝမ်ရိပေါ်ကဘယ်ရောက်သွားတာလဲ"

"ရိကောကစောနကပဲ လေကောင်းလေသန့်ရှူဦးမယ်ဆိုပြီး ဆေးရုံခေါင်မိုးထပ်ကိုတက်သွားတယ်"

"အာ...ဒီကောင်လေးကတော့"

စိတ်မချစွာနဲ့ရှောင်းကျန့်ကပဲ
ခေါင်မိုးထပ်ကိုလိုက်လာရပါတယ်။
နေမကောင်းတဲ့အချိန်ဆို လုပ်ချင်ရာလုပ်တတ်တဲ့
ဝမ်ရိပေါ်က လူဇိုးလေးဖြစ်တယ်။

Every Little Thing (Completed)Donde viven las historias. Descúbrelo ahora