Arc 1 : Chapter -4

3.8K 507 4
                                    

အခန်း(၄) ကျိူးယွင်ရှန့်ဘဝ

စိတ်ထဲမှာ​တော့ ကျိူးယွင်ရှန့်ကိုဒီနိုင်ငံကအမြန်ထွက်သြားစေချင်နေပေမယ့် မျက်နှာမှာမပေါ်လာအောင်တော့ ကျိူးဝိန်းအန်းထိန်းထားနိုင်သည်။ တစ်ဖက်လူကအတိအကျပြောနေမှစိတ်မကောင်းသည့်မျက်နှာလေးနှင့်ဟန်ဆောင်နေလိုက်သေးသည်။

ကျိူးဝိန်းအန်းထွက်သြားတော့မှ ကျိူးယွင်ရှန့်ကွန်ပျူတာဖန်သားပြင်ကိုကြည့်ရင်းခပ်မဲ့မဲ့ပြုံးလိုက်သည်။ တကယ်တော့ဒီစာချူပ်မှတ်တမ်းက ဒီခန္ဓာပိုင်ရှင်ရဲ့အမေရန်ရှီရဲ ့သေတမ်းစာဖြစ်သည်။ ဟက်ကာတစ်ယောက်အနေနဲ့ network တွေပေါ်မှာအချက်အလက်တွေလိုက်ရှာပြီးစုဆောင်းရတာမျိူးက ကျိူးယွင်ရှန့်ဝါသနာပင်။ဒီကမ္ဘာကြီးရဲ့တည်ဆောက်မှုပုံစံပြောင်းလဲသြားမွာကို သူသိပေမယ့် ဘယ်ကိစ္စကိုမှမလွဲချော်စေရဘူး။

ဤသေတမ်းစာပြောင်းလဲမှုကရန်ရှီရဲ့Emailထဲကရှာတွေ့ခဲ့ခြင်းဖြစ်သည်။ သူမ၏ရှယ်ယာများအားလုံးကို ကျိူးဝိန်းအန်းမှ ကျိူးယွင်ရှန့်သို့လွဲပြောင်းပေးထားသည်။ တစ်နည်းပြောရရင်သူမက သူမသားအငယ်အတွက်တစ်ပြားတစ်ချပ်မျှချန်မထားခဲ့ပေ။ ရန်ရှီဟာသူမခင်ပွန်း၏လွှမ်းမိုးမှုကြောင့်သားအငယ်ကိုအတော်ချစ်သည်။ သားအငယ်ကိုတစ်ခါလေးမျှရက်ရက်စက်စက်မဆက်ဆံဖူးပေ။ သူမသေတမ်းစာပြောင်းလဲပြီး ရှေ့နေဆီမပို့သေးပဲ ပင်လယ်ထဲခုန်ခ်သေသွားတာ။ဒီလိုတိုက်ဆိုင်မှုမျိူးကဘယ်မှာရှိလို့လဲ။ ဘယ်သူကသေတမ်းစာအသစ်ကိုဖျောက်ပစ်ချင်တာလဲ?သူမတကယ်သတ်သေတာမှဟုတ်ရဲ့လား? ပိုပြီးတော့သံသယဖြစ်စရာကောင်းတာက သူမသေသွားပြီးတဲ့အချိန် ရှေ့နေကသေတမ်းစာအဟောင်းကိုလက်ခံရရှိသေးတာပဲ။ဒါပေမယ့် သူမရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုသားအငယ်အတွက်သာချန်ထားပေးခဲ့တယ်။ ကျိူးယွင်ရှန့်အတွက်ကတော့ villasသုံးခုနှင့်လက်ဝတ်ရတနာအချိူ့ကိုသာချန်ထားပေးခဲ့သည်။
ဒီမူရင်းပိုင်ရှင်ကျိူးယွင်ရှန့်သာမက ရန်ရှီ၏မိဘများဖက်ကပါ ဒီသေတမ်းစာကိုသဘောမကျခဲ့။ ထို့အချိန်၌ ကျိူးသခင်ကြီးက သားအကြီးကကျိူးလုပ်ငန်းစုကိုဆက်ခံမှာဖြစ်တဲ့အတွက်သားအငယ်ကိုသူ့အမေရဲ့ပိုင်ဆိုင်မှုတွေအမွေပေးခြင်းဖြစ်တယ် ဟုဖြေရှင်းပြောဆိုခဲ့သည်။ရန်ရှီ၏မိဘများကလည်းမြေးအငယ်ကိုချစ်သောကြောင့်ထိုရှင်းပြချက်ကိုလက်ခံခဲ့ကြသည်။ ကျိူးသခင်ကြီး၏အုပ်ထိန်းမှုအောက်တွင်ကျိူးယွင်ရှန့်ကရန်မိသားစုနှင့်အနေစိမ်းပြီး ကျိူးဝန်အန် ကတော့မကြာခဏဆိုသလိုအလည်သွားတတ်သဖြင့်ဆက်ဆံရေးကောင်းသည်။

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now