Arc 1 - Chapter 3

4.1K 544 13
                                    

အခန်း(၃)ကျိူးယွင်ရှန့်ဘဝ

ကျိူးဝိန်းကျင့် ကျိူးယွင်ရှန့်ကိုတစစီဆုပ်ဖြဲပစ်ချင်မိသည်။သူပြန်ထရန်ကြိုးစားလိုက်သော်လည်းအကန်လိုက်ရပြီး ပါးစပ်မှသည်းခြေရည်များအန်ထွက်လာတော့သည်။
ဒီခန္ဓာကိုယ်ရဲ့မူလပိုင်ရှင်က ကျိူးဝန်အန်ရဲ့ကစားခြင်းကိုခံရပြီး ကျိူးအိမ်ရဲ့သားဆိုတဲ့နေရာနဲ့ပိုင်ဆိုင်မှု တွေအကုန်ကိုဆုံးရှုံးခဲ့ရသည်။ အဓိကဇာတ်လိုက်ကစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာတော့ နံမည်ပျက်ပြီးဘယ်သူကမှအလုပ်မပေးချင်လောက်တဲ့အခြေအနေမျိူးထိလက်စားချေတာကိုခံခဲ့ရသည်။

ဒီခန္ဓာကိုယ်ကို ကျိူးယွင်ရှန့် အစားဝင်ပြီးဒီခန္ဓာကိုယ်ရဲ့အနာဂတ်ကိုသိပေမယ့် အဓိကဇာတ်ကောင်ရဲ့ခြေသလုံးကိုဖက်ပြီး ကပ်မဖားတဲ့အပြင် ချက်ချင်းမသတ်လိုက်တာကတောင်အရမ်းထိန်းချူပ်ထားရာက်နေပြီ။ တုရွှီလန်သာသူ့ပုခုံးကိုဆွဲမထားလျှင်နောက်ထပ်အချက်အနည်းထပ်ကန်ပစ်အုန်းမည်ဖြစ်သည်။

"သခင်လေးရှန့် မင်းရဲ့သနားစရာညီလေးကိုအနိုင်မကျင့်ပါနဲ့'' တုရွှီလန်ကမျက်မှန်ကိုပင့်တင်ပြီးပြောလိုက်သည်။သူ့ပုံစံကချော့ပြောနေပုံပေါက်ပေမယ့် တကယ်တမ်းတော့ဒါဟာသတိပေးခြင်းသာဖြစ်သည်။

ကျိူးယွင်ရှန့် စိတ်ထဲမထားပဲသူ့ပုခုံးပေါ်ကတုရွှီလန်လက်ကိုဖယ်ပစ်လိုက်သည်။ ထို့နောက်ကျိူးဝိန်းကျင့်နားသို့တစ်လှမ်းချင်းချည်းကပ်သွားလိုက်သည်။ ကျိူးဝိန်းကျင့် ကလည်းမနည်းကုန်ထပြီးသူ့ကိုမုန်းတီးနေသည့်မျက်ဝန်းအစုံဖြင့်ကြည့်နေသည်။

"မင်းငါ့ကိုမုန်းလား''

ပြန်ဖြေတဲ့အနေနဲ့ကျိူးဝိန်းကျင့်ကပါးစပ်ထဲသွေးရောတဲ့တံတွေးကိုထွေးထုတ်လိုက်သည်။ ကျိူးယွင်ရှန့်က ကျိူးဝိန်းကျင့် ဘေး၌မတ်တပ်ရပ်လိုက်ပြီး ဝိန်းကျင့်၏ရင်ဘတ်ပေါ်သို့ခြေတင်ထားလိုက်သည်။

"မင်းငါ့ကိုမုန်းတယ်ပေါ့။မင်းမှာငါ့ကိုမုန်းဖို့ဘာအရည်အချင်းရှိလို့လဲ။ ငါ့အမေရဲ့အကူအညီနဲ့သာမဟုတ်ရင် မင်းရဲ့မိဘမဲ့အမေကသူ့ရဲ့ပညာအချင်းလောက်နဲ့ကျိူးအိမ်မွာလစာသောင်းချီတဲ့အလုပ်ရမယ်ထင်လား။ ငါ့အမေကသူ့ကိုသမီးရင်းလို့သဘောထားခဲ့ပေမယ့်သူကဘယ်လိုကျေးဇူးပြန်ဆပ်သလဲ။ ငါ့အဖေအိပ်ရာပေါ်တက်ပြီးတော့လား ။ငါ့အဖေနဲ့သားတစ်ယောက်ရပြီးတော့လား။ ငါ့အမေရေချိူးခန်းထဲကိုယ့်ကိုယ်ကိုသတ်သေပြီးတော့လား။သူ့အပြစ်သူပေးဆပ်ဖို့ကိုယ့်ကိုယ်ကိုသတ်သေတာလား ။ သူအဲ့လိုလုပ်လို့ငါ့အမေလည်းသူ့ခြေရာအတိုင်းနင်းသြားတာလေ။လောကကြီးကိုရင်ဆိုင်ဖို့ငါ့တစ်ယောက်ထဲထားခဲ့ပြီးတော့!! ပြောစမ်းပါအုန်း ငါဘယ်သူ့ကိုမုန်းသင့်လဲ''

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now