နိဒါန်း
အေးစက်သောဓားအသွားဖြင့်လည်တွင်တေ့ခံထားသည့် အမျိူးသားတစ်ဦးသည်မြေပြင်ပေါ်တွင်ဒူးထောက်လျှက်ရှိ၏။ သူ၏မျက်လုံးတို့ကနီမြန်းနေပြီးအမုန်းတရားများနှင့်ပြည့်လျှံနေသည်။
တစ်ဖက်မှမတ်တပ်ရပ်နေသူကား အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီးချောမောခန့်ညားသောရုပ်ရည်ရှိသည်။သို့သော်သူ့နှုတ်ခမ်းတို့ကတွန့်ကွေးလိုက်စဉ် အင်္သချေတိုင်သော ယုတ်မာခြင်းတို့ပေါ်လာလေသည်။သူ၏နှလုံးသားက''သတ်လိုက်၊သတ်လိုက်''ဟုအော်မြည်နေသည်။သို့သော်ဓားရိုးကိုကိုင်ထားသောလက်ကလှုပ်ရှားခြင်းမရှိ ထိုအစား မိမိရှေ့မှလူ၏မိသားစုကိုသူမည်သို့ဖျက်ဆီးခဲ့ကြောင်း၊သူ့မိဘနဲ့မောင်နှမတွေကိုဘယ်လိုနှိပ်စက်ခဲ့တဲ့အကြောင်း၊သူ့ကိုမည်ကဲ့သို့ဆင်းရဲပင်ပန်းအောင်နှိပ်ကွပ်ခဲ့သည့်အကြောင်းများကသာတစ်ကျော့ပြန်လာသည်။
"စောက်ပိုတွေပြောမနေနဲ့တော့!အခုသူ့ကိုသတ်လိုက်တော့!" ထိုလူချော၏စိတ်ကသူ့ကိုအပြင်းအထန်အော်ဟစ်နေလေ၏။
သူ့ဓားသူပြန်လည်ထိန်းချူပ်လို့ရသွားချိန် ၊ သေဆုံးနှင့်ပြီးလှုပ်ရှားခြင်းမရှိသင့်သောအမျိူးသမီးကရုတ်တရပ် ဓားမြှောင်နှင့်သူ့နှလုံးရှိရာတည့်တည့်သို့ထိုးစိုက်လိုက်လေသည်။ သူ မယုံကြည်နိုင်ပဲနောက်ကိုဖြည်းဖြည်းချင်းလှည့်ကြည့်မိသည်။ သူ့မျက်လုံးတို့ကအချစ်၊အမုန်းနှင့် မဖြစ်ချင်သည့်ဆန္ဒများကြောင့်မဲမှောင်နေသည်။
"ကျွန်မတောင်းပန်ပါတယ်''
ကာလရှည်စစ်ပွဲတစ်ခုဟာနောက်ဆုံးတော့ပြီးဆုံးခဲ့ပြီ။ဒါပေမယ့်ဗီလိန်ရဲ့သေခြင်းကတော့အဆုံးသတ်မဟုတ်ပါဘူး။ဒါဟာကအရာအားလုံးကိုပြန်စတင်မယ့်အစပါပဲ။
သေသင့် သော လူသားဟာအခုတော့ ကြယ်ပင်လယ်မှာမတ်တပ်ရပ်လျှက်ရှိနေသည်။သူ့အနက်ရောင်ဝတ်ရုံကအခုတော့အသားကပ်ဝတ်စုံအဖြစ်ပြောင်းလဲသွားပြီ။သူလက်ကောက်ဝတ်မှနာရီကိုကြည့်လိုက်သည်။
အတိအကျပြောရရင်ထိုအရာကနာရီမဟုတ် AIဖြစ်သည်။
[AI - Artificial intelligence ၊ သိပ္ပံကွန်ပြူတာ]
ŞİMDİ OKUDUĞUN
ဗီလိန်မာယာ (FOD Unicode)
MaceraQuickly wear the face of the devil Author - FengliuShudai