Arc 1: Chapter - 5

3.9K 514 8
                                    

အခန်း(၅) ကျိူးယွင်ရှန့်ဘဝ

မှောင်မည်းနေတဲ့အခန်းတွင်း၌ ပိန်ပါးသောခန္ဓာနှင့်လူငယ်တစ်ယောက် ကုတင်တိုင်လေးခုမှကြိုးများနှင့်တုပ်နှောင်ထားခံရလေသည်။ တစ်ကိုယ်လုံးမှာလည်းချွေးများနှင့်စွတ်စိုနေပြီး မျက်ဝန်းတို့ကမှင်ရည်နက်နက်ကဲ့သို့သေနေသည်။အသားအရည်တို့ကမူးယစ်ဆေးဝါးစွဲနေမှန်းသိသာလွန်းသည်။သူရုန်းကန်ဖို့ကြိုးစားသော်လည်းသူ့မျက်လုံးတို့ကအာရုံစုစည်းမှုမရှိ မျက်နှာကျက်ကိုသာငေးကြည့်နေပြီးမည်သည်ကိုတွေးနေမှန်းပင်မသိတော့ပေ။

သေသပ်သောခြေလှမ်းများကအပြင်ဖက်တွင်ဖြည်းဖြည်းချင်းလျှောက်လှမ်းနေသည်။ အညိုရောင်ငွေရောင်အစင်းများပါသည့်suitကိုဝတ်ဆင်ထားသည့်ရှည်လ်ားသောအရပ်နှင့်လူက ထိုလူငယ်ရှိရာအခန်းတံခါးကိုတွန်းဖွင့်လိုက်သည်။ ထို့နောက်တစ်လှမ်းချင်းစီအေးအေးဆေးဆေးလျှောက်လာပြီး လူငယ်နံဘေး၌ရပ်လိုက်သည်။ အနက်ရောင်ဆံပင်တို့ကိုလှန်တင်ထားပြီးချောမောခန့်ညားသည့်ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့်လူက သူ့မျက်လုံးတို့မှေးကျဉ်းလိုက်စဉ် မည်သူမဆိုဒူးတုန်သွားနိုင်သည်အန္တရာယ်အငွေ့အသက်တို့ထွက်ပေါ်လာလေသည်။

"မင်းကိုရေချိူးပေးဖို့ငါသူနာပြုကိုခိုင်းလိုက်မယ်'' ထိုလူကသူ့ကုတ်အိပ်ကပ်မှလက်ကိုင်ပဝါကိုဆွဲထုတ်ပြီး လူငယ်၏ချွေး စိုနေသည့်နဖူးပြင်ကိုသုတ်ပေးလိုက်သည်။

ထိုလူငယ်ကသူ့၏ခြောက်ကပ်နေသောနှုတ်ခမ်းတို့ကိုလျှာနှင့်သပ်လိုက်ပြီး လေးလံနေသောအသံဖြင့်ပြောလိုက်သည်။
"ဦးလေး....ကျိူးယွင်ရှန့် ကျွန်တော့်ကိုချောက်ချတာ။ကျွန်တော်မှတ်မိတယ်၊ အဲ့ဒီမိန်းမနဲ့ကျိူးယွင်ရှန့်နဲ့တစ်ခါကဘားမွာ Bourbon ဝီစကီအတူသောက်နေကြတာ။သေချာတယ်အဲ့မိန်းမကိုသူခိုင်းတာ!"

ဒီလူငယ်လေးက အခုဒုတိယနှစ်ကောလိပ်ကျောင်းသား ကျိူးဝိန်းကျင့်ဖြစ်သည်။လွန်ခဲ့သောလအတော်ကြာတုန်းကသူမိန်းမလှလေးတစ်ဦးနဲ့ပတ်သက်မိသည်။မထင်မိတာကသူမကမကောင်းတဲ့အကြံအစည်နဲ့ချည်းကပ်လာတာပဲ။ သူမက ကျိူးဝိန်းကျင့် ကို ဆေးပြင်းရောထားတဲ့စီးကရက်ပေးသောက်သည်။ထိုဆေးမျိူးကတစ်ခါရှိုက်မိသည်နှင့်လုံးဝစွဲလမ်းသွားနိုင်သောဆေးဖြစ်နေတယ်။ ကျိူးဝိန်းကျင့်ကသံသယများပြီးအရာရာကိုသတိထားတတ်သည့်ပုံပေါက်သော်လည်း သူ့မှာအားနည်းချက်ကြီးကြီးမားမားရှိနေသေးသည်။ အဲ့တာကတော့ အလှအပကိုမက်မောတာပဲ။မိန်းမလှလေးမြင်တာနဲ့လုံးဝကြွေဆင်းသြားတော့တယ်။

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now