Arc 1: Chapter - 8

3.7K 484 5
                                    

အခန်း(၈) ကျိူးယွင်ရှန့်ဘဝ

ကျိူးသခင်ကြီး၏ဈာပနအခမ်းအနားကအလွန်ကြီးကျယ်ခမ်းနားပြီးသုံးရက်အတွင်းကတိုက်ကရိုက်သဂြိုလ်လိုက်သည်။ ဈာပနအခမ်းအနားပြီးသည့်နောက် မိသားစုရှေ့နေကသေတမ်းစာကိုဖတ်ပြသည်။ ကြားရသည့်လူအားလုံးအ့ံအားသင့်သွားကြသည်က ကျိူးဟောက်သည့်သူ့ပိုင်ဆိုင်မှုအားလုံးနှင့်ကျိူးအုပ်စု၏ရှယ်ယာ၃၀ရာခိုင်နှုန်းကိုပါ သားအငယ်ကျိူးဝိန်းအန်းအတွက်ချန်ထားပေးခဲ့ခြင်းဖြစ်သည်။ သားအကြီးကျိူးယွင်ရှန့်ကမူဘာမှမရပေ။ ဒုတိယသားကျိူးဝိန်းကျင့်ကတော့တရားမဝင်သားဖြစ်သည့်အတွက်ဖခင်၏အသိမှတ်ပြုခြင်းကိုမခံခဲ့ရ ထို့ကြောင့်အမွေမရသည်ကိုမဆန်းပေ။ ဒါပေမယ့် သားအကြီးဆုံးကဘာမှမရတာကတော့တကယ်မဖြစ်သင့်။ ကျိူးသခင်မကြီး၏အမွေများကလည်းသားအငယ်အတွက်သာချန်ထားခဲ့သည်။ တစ်လောကလုံးကဒီလင်မယားကို သားအငယ်အပေါ်အရမ်းဘက်လိုက်တဲ့မိဘတွေလို့မြင်ကုန်ကြပြီ။ နောက်ကျကျိူးယွင်ရှန့်ဘယ်လို့လုပ်တော့မလဲ။ သူတို့ဒီအကြောင်းကိုမတွေးဖူးကြဘူးလား?

"မစ္စတာကျိူး ကျေးဇူးပြုပြီးလက်မှတ်ထိုးပါ'' ရှေ့နေက သားရည်သားထူထူကြားတွင်ညှပ်ထားသောစာရွက်စာတမ်းမ်ားကိုထိုးပေးလိုက်သည်။ ကျန်လူများကပါးစပ်အဟောင်းသားငေးကြည့်ရုံသာတတ်နိုင်ကြတော့သည်။

"ဒါမဖြစ်နိုင်ဘူး။ ကျိူးဟောက်ဘယ်လိုလုပ်ယွင်ရှန့်အတွက်ဘာမှမချန်ထားခဲ့ပေးတာလဲ။ သူပဲအရင်က ကျိူးအုပ်စုကယွင်ရှန့်ဟာပါလို့ပြောခဲ့ပြီးတော့'' ရန်သခင်မကြီးကအော်ပြောလိုက်သည်။ ရန်သခင်ကြီးကလည်း ကျိူးဝိန်းအန်း ကိုမသင်္ကာသည့်မျက်လုံးများနှင့်ကြည့်နေတော့သည်။ ခမည်းခမက်မ်ားအနေနဲ့သေတမ်းစာနားထောင်ဖို့သူတို့အဖိတ်ခံရသည်။

ကျိူးယွင်ရှန့် ကပြုံးပြီးသူ့ဘွားအေ၏ကျောပြင်ကိုခပ်ဖွဖွပုတ်လိုက်သည်။ သူတို့ကအနေစိမ်းပေမယ့်လည်း အချစ်ကတော့မလျော့ပေ။

"ဘာဖြစ်ရမွာလဲ? သူနိုင်ငံခြားမှာခြောက်နှစ်၊ခုနှစ်နှစ်လောက်နေပြီး တစ်ခါလေးတောင်အိမ်ကိုဖုန်းမဆက်ဘူး။ ကျွန်တော်ကသာအဖေဘေးနားမှာတစ်ချိန်လုံးနေပြီးပြုစုခဲ့တာ။ ကုမ္ပဏီကိုလည်းကူကြည့်ပေးရတယ်။ ဘာလို့အဖေက ကျွန်တော့်ကိုအမွေမပေးနိုင်ရမွာလဲ'' ကျိူးဝိန်းအန်း ၏အမူအရာတို့ကလုံးဝရိုသေလေးစားခြင်းမရှိတော့ပေ။

ဗီလိန်မာယာ (FOD Unicode) Where stories live. Discover now