Arc 1: Chapter - 6

4.2K 517 10
                                    

အခန်း(၆) ကျိူးယွင်ရှန့်ဘဝ

ကျိူးယွင်ရှန့်ထင်ခဲ့သည်ကသူနှင့်တုရွှီလန်နောက်တစ်ဆင့်ကိုအလျင်အမြန်တက်နိုင်မည်ဟုပင်။သို့သော်တုရွှီလန်၏အတွေးများကသူ့ခန့်မှန်းချက်နှင့်လုံးဝမတိုက်ဆိုင်ပေ။ တစ်ဖက်ကသူ့ကိုအလေးအနက်လိုက်ပိုးနေသည်မှာသိသာလွန်းသည်။ သုံး၊လေး၊ငါးရက်တစ်ခါဖုန်းခေါ်လေ့ရှိသည့်အပြင်တစ်ခါတစ်လေ တစ်ရက်ထဲပင် သုံး၊လေး၊ငါးခါခေါ်တတ်သေးသည်။ မကြာခဏဆိုသလိုအလည်လာပြီး ညစာလည်းအတူစားရန်ဖိတ်ခေါ်သေးသည်။သို့သော် ထမင်းစားရန်သက်သက်သာဖြစ်ပြီး မည်သည့်အကြောင်းအရာမှမပိုပေ။ အားလပ်ရက်တိုင်း ဈေးကြီးကြီးလက်ဆောင်များလည်းပို့လေ့ရှိသေးသည်။

တုရွှီလန်၏ပိုးပန်းမှုများကိုသူကြွေသည်ကိုတော့ ကျိူးယွင်ရှန့်ဝန်ခံပါသည်။ တုရွှီလန်၏အပြုအမူများကအရမ်းကိုအလေးအနက်ရှိသေးသားပဲ။ သူ့လို အဓိကဇာတ်လိုက်မင်းသားနှင့်မင်းသမီးကြားမှာမြေစာပင်ပေါင်းကူးတံတားအဖြစ်အသေဆိုးနှင့်သေခဲ့ရသည့်ဗီလိန်တစ်ယောက်အဖို့ မည်သည့်ဘဝမှအချစ်စစ်ကိုမခံစားခဲ့ရပေ။ဘဝတိုင်းသစ္စာဖောက်ခံရပြီးခံပြင်းဖွယ်နာကျင်ခဲ့ရသည်။ ထို့ကြောင့်ကျိူးယွင်ရှန့်ကိုယ့်ကိုယ်ကို ချစ်ဖို့ထုံပေ နေပြီဟုပင်ထင်ထားသည်။ သို့ပေမယ့် system ကိုပြန်လည်အနိုင်ယူပြီးနောက်သူ့ရင်ထဲတွင်မြှုပ်နှံထားသည့်ဆန္ဒတစ်ခုကတဖြည်းဖြည်းချင်းပြန်လည်ထွက်ပေါ်လာပြန်သည်။ တုရွှီလန်သာအမှန်တကယ်ဆုံးဖြတ်ထားလျှင်သူသည်လည်းဆန္ဒရှိသည်။ နှစ်ဦးသားအချိန်အကြာကြီးအတူမရှိနိုင်လည်းပြသာနာမဟုတ်ပေ။

သူတွေးနေစဉ်မှာပင် စားပွဲပေါ်မှဖုန်းသံမြည်လာတော့သည်။ တစ်ဖက်မှာသံလိုက်ကဲ့သို့ဆွဲငင်အားရှိသည့်အသံတစ်ခုထွက်ပေါ်လာပြီး ''ကိုယ်ပို့လိုက်တဲ့နာရီကိုကြိုက်ရဲ့လား။ကိုယ်လည်းတစ်ပုံစံထဲဝယ်ထားတယ် အရမ်းလိုက်တယ်...''

ဂျပန်နိုင်ငံ

တုရွှီလန်သည်မိုးမျှော်တိုက်၏အမြင့်ဆုံးအထပ်တွင်မတ်တပ်ရပ်ပြီးဖုန်းပြောလျှက်ရှိသည်။ အသံတို့ကချိူသာပြီးနှုတ်ခမ်းမှာလည်းပြုံးနေ၏။တစ်ဖက်မှတစ်ခုခုရယ်စရာပြောလိုက်ပုံရ၏ ထို့ကြောင့်သူ့မျက်လုံးတို့ကရွှင်မြူးရိပ်သန်းပြီး ရယ်သံတို့လည်းချိူနေသည်။

ဗီလိန်မာယာ (FOD Unicode) Место, где живут истории. Откройте их для себя