Chapter-2

971 65 2
                                    

Unicode

ကျန်းနင်ဘောင်နဲ့‌အစေခံတို့ဟာ သူတို့နေထိုင်ရာခြံဝင်းထဲကနေ ကွေ့ပတ်ဆောက်ထားတဲ့ ဆောင်ကူးစင်္ကြံကတဆင့် ပန်းဥယျာဉ်ကို ဖြတ်လျှောက်ကြပါတယ်။ ဖြတ်သွားရာလမ်းမှာ ကျန်းနင်ဘောင်ကို အစေခံတွေက အရိုအသေပေးကြတယ်။

ကျန်းနင်ဘောင် ခပ်လှမ်းလှမ်းကို ရောက်သွားတဲ့အခါမှ အစေခံတွေဟာ သူတို့ချင်း တီးတိုးဆွေးနွေးကြတယ်။

"နံပါတ်လေးမမလေးနဲ့ ဒုခ် တင့်ကိုဆက်ခံမယ့်သခင်လေးတို့ စေ့စပ်ထားတာ ပျက်တော့မလိုဖြစ်နေပြီလို့ ကြားတာပဲ"

"တကယ်လို့သာ နံပါတ်နှစ်သခင်နဲ့ သခင်မတို့သာ ရှိခဲ့ရင် နံပါတ်လေးမမလေး ဒီအခြေအနေကို ရောက်မှာမဟုတ်ဘူး"

"တကယ်တော့ နံပါတ်လေးမမလေးကို ဆက်ဆံကြတာ မဆိုးပါဘူး။ အစားအသောက်ပိုင်းပဲ လျော့သွားတာသာရှိတာ။ သခင်မကြီးက အကြင်နာတရားကြီးတော့ နံပါတ်နှစ်သခင်မဘက်ကပါလာတဲ့ လက်ဖွဲ့ပစ္စည်းတွေကို နံပါတ်လေး သခင်မလေးကိုယ်တိုင် စီမံဖို့ အခွင့်ပေးထားတယ်လေ"

"ဘာပဲဖြစ်ဖြစ် နံပါတ်လေးမမလေးက ဒုခ် တင့်ဆက်ခံသူနဲ့ စေ့စပ်ထားတဲ့သူပဲ။ သခင်မကြီးတို့လည်း အလွန်အကျွံတွေ မလုပ်လောက်ပါဘူး။ အပြင်မှာပြန့်နေတဲ့ ကောလဟလတွေကတော့ တကယ်အဓိပ္ပါယ်မရှိဘူး။ ဒုခ် ဒင်ကို ဆက်ခံမယ့်သခင်လေးက ကောင့်ထ် အန်ရွမ်ရဲ့ တရားဝင်သမီးကြောင့်
နံပါတ်လေးမမလေးနဲ့ စေ့စပ်ထားတာကို မဖျက်သိမ်းသင့်ဘူးလေ။"

"ဒါတော့ ပြောမရဘူး။ နံပါတ်လေးမမလေးရဲ့ဂုဏ်ဒြပ်အဆင့်အတန်းက ကောင့်ထ် အန်ရွမ်ရဲ့ တရားဝင်သမီးကြီးနဲ့ သွားယှဉ်လို့မရနိုင်ဘူးလေ။ အဲ့ဒီအိမ်ရဲ့သမီးဦးဖြစ်တဲ့ အဲ့မမလေးကလည်း နံပါတ်လေးမမလေးအောက်ကို ဝင်မယ်မထင်။"

"ဒါတော့ ဟုတ်တယ်။ ခု တစ်မြို့လုံးက ငါတို့ ကောင့်ထ်အိမ်တော်ကို အာရုံစိုက်နေကြပြီ။"

"......"

အစေခံကောင်မလေးတွေ တီးတိုးပြောနေကြတာတွေကို ကျန်းနင်ဘောင် ဂရုမစိုက်ဘဲ ရွှေသက်တော်ရှည်ခန်းမဆီကိုသာ လမ်းဆက်လျှောက်သွားတယ်။ ခန်းမကို သူရောက်တော့ ပထမမြောက်မိသားစုခွဲရဲ့ တစ်ဦးတည်းသောသမီးဖြစ်သလို မိသားစုတစ်ခုလုံးရဲ့ ပဉ္ဇမမြောက်သမီးဖြစ်တဲ့ နံပါတ်ငါးမမလေး ကျန်းမင်ရောင်နဲ့ ဆုံတယ်။

ဇာတ်လိုက်မင်းသားအဖေနှင့်လက်ထပ်ခြင်းWhere stories live. Discover now