Unicode
" ဘွားဘွားနဲ့ ပထမကြီးကြီးတို့ကို နင်ဘောင် ဂါ၀ရပြုပါတယ်"
ကျန်းနင်ဘောင် အေးတိအေးစက်မျက်နှာထားနဲ့ ဂါဝရပြုနှုတ်ဆက်လိုက်တယ်။
" ဘွားဘွားနဲ့ မေမေတို့ကို မင်ရောင် ဂါ၀ရပြုပါတယ်"
ကျန်းသခင်မကြီးဟာ မတူတဲ့ ပင်ကိုယ်စရိုက်တွေနဲ့ မြေးမတွေကို
ဖော်ရွေစွာ ပြုံးပြလိုက်ပေမယ့် ပထမမိသားစုခွဲက ငါးယောက်မြောက်မြေးမလေးကိုတော့ ပိုမျက်နှာသာပေးလျက်ပေါ့။ကျန်းမင်ရောင်ရဲ့လက်တလောကိစ္စတွေကို မေးမြန်းနေချိန်မှာ ကျန်းသခင်မကြီးမျက်နှာပေါ်မှာ အပြုံးပန်းတွေဝေဆာနေရုံမက ကျေနပ်အားရစွာပါ ခေါင်းညိတ်တယ်။ ပြီးတော့ ကျန်းနင်ဘောင်ဘက်ကို လှည့်လာတယ်။ အလွယ်တကူ ကရုဏာသက်မိစေတဲ့ နုနုနယ်နယ်လှလှပပ ဒီမြေးမကလေးကို မြင်ရတဲ့အခါတိုင်း ကျန်းသခင်မကြီး မျက်မှောင်ကြုတ်မိလျက်သား ဖြစ်တတ်တယ်။
ကျန်းသခင်မကြီးဟာ ဒီမြေးမကို သိပ်မနှစ်သက်လှပါဘူး။ အကြောင်းကတော့ ဒီမြေးမလေးကို မြင်ရတဲ့အခါတိုင်း သူမရဲ့ခင်ပွန်း ကောင့်ထ် ချန်နင် ငယ်ရွယ်စဉ်က မျက်နှာသာပေးခဲ့တဲ့ နုနယ်လှပတဲ့သွင်ပြင်နဲ့ ကိုယ်လုပ်တော်ကို သွားသတိရမိလို့ ဖြစ်တယ်။
ဒါပေမယ့် ဒီမြေးမလေးဟာ ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်သင့်တော်တဲ့သူနဲ့ စေ့စပ်ထားခဲ့တာမို့ ကံကောင်းသူတစ်ယောက်ဖြစ်တယ်။
ကျန်းနင်ဘောင် စေ့စပ်ထားတာဟာ ချန်နင်အိမ်တော်ကို အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေခဲ့ပေမယ့် အခုတော့ ကြိုမမြင်ရတဲ့အဖြစ်အပျက်နဲ့ ကြုံနေရတဲ့အတွက် အဲ့ဒီစေ့စပ်ထားတာဟာ ပျက်ပြယ်မလား မသိရတဲ့အနေအထား ရောက်နေခဲ့ပြီ။ စေ့စပ်တာ မပျက်ရင်တောင် ကျန်းနင်ဘောင် လက်ထပ်ဖြစ်ခဲ့ရင် ရမယ့် တရားဝင်ဇနီးနေရာဟာ သူတပါးဆီ ရောက်မလားတောင် မသေချာတဲ့ ကိန်းဆိုက်နေပါပေါ့။ ကျန်းနင်ဘောင်ကို ကျန်းသခင်မကြီး စိတ်ရှုပ်စွာ ကြည့်နေရင်း ရှားရှားပါးပါး နူးညံ့တဲ့စိတ် ဖြစ်ပေါ်လာတယ်။
YOU ARE READING
ဇာတ်လိုက်မင်းသားအဖေနှင့်လက်ထပ်ခြင်း
Historical FictionThis novel is not mine. I'm just a humble translator. Unicode ပြန်မွေးဖွားလာတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း ဝတ္ထုထဲက ဇာတ်လိုက်မင်းသားရဲ့ မွေးစားအဖေဖြစ်သူ တင့်ရှဲ့ဟန်ဟာ တ-ရွှမ်မင်းဆက်မှာ နာမည်ကျော်လူပျိုကြီးတစ်ယောက်ဖြစ်တယ်။ စစ်နတ်ဘုရားလို့လည်း ဂုဏ်ပုဒ...