Chapter-4

553 49 0
                                    

Unicode

ဒယျုခ်တင့်အိမ်တော်ထိန်းကျောင့်ဟာ သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်တယ်။ လူသတ်ရဲတဲ့'ဇ'အပြည့်ခြေလှမ်းတွေနဲ့ ကျောမတ်မတ် လမ်းလျှောက်ဟန်ကိုကြည့်ရင် ရှေ့တန်းစစ်မျက်နှာပြင်ထွက်ဖူးတဲ့သူမှန်း သိသာတယ်။

အရင်ရှေ့ဘဝက အတွေ့အကြုံကြောင့်သာမဟုတ်ရင် ယဉ်ကျေးသိမ်မွေ့တဲ့ အိမ်တော်ထိန်းကျောင့်ဟာ လူသတ်ရဲတဲ့'ဇ'ရှိသေးတယ်ဆိုတာကို သူ(မ)ရိပ်မိမှာမဟုတ်ပါဘူး။ အဲ့အခိုက်အတန့်မှာ သူ(မ)တစ်ခါမှ မတွေ့ဖူးသေးတဲ့ ဇာတ်လိုက်မင်းသား ရှဲ့ကျင်ရိရဲ့မွေးစားအဖေ နာမည်ကျော် ဒယျုခ်တင့်အကြောင်းကို စဉ်းစားမိတယ်။
ဒယျုခ်တင့်အ‌ကြောင်းကိုပြောရမယ်ဆို တ-ရွှမ်မင်းဆက်မှာ ဒယျုခ်တင့်ကို မသိတဲ့သူ မရှိသလောက်ပါပဲ။

သူဟာ ကျန်းနင်ဘောင် လေးစားရဆုံးသူတစ်ယောက်လဲဖြစ်တယ်။
အသက်၂၈နှစ်သာရှိသေးပေမဲ့ ဒယျုခ်တင့်ဟာ ဂုဏ်သတင်း လူသိထင်ရှားလှတဲ့စစ်နတ်ဘုရားတစ်ပါးဖြစ်လာခဲ့ပါပြီ။

ဒီလိုအမိတိုင်းပြည်ကိုကာကွယ်ပေးခဲ့တဲ့ သံမဏိအရိုးနဲ့လူသားဟာ နောက်နှစ်နှစ်အကြာ အရွယ်ကောင်းတုန်းမှာပဲ ရှေ့တန်းကနေရခဲ့တဲ့ဒဏ်ရာဟောင်းကြောင့် အသက်ဆုံးရှူံးသွားရလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။

အဲ့လိုနဲ့ ဇာတ်လိုက်မင်းသားရှဲ့ကျင်ရိဟာ ဒယျုခ်ဘွဲ့ကို ဆက်ခံသွားခဲ့တယ်။

ဒီခန္ဓာကိုယ်ထဲ ဝိညာဉ်ပြောင်းလာပြီး နှိုးလာတုန်းက ရခဲ့တဲ့မှတ်ဉာဏ်အပိုင်းအစကို ပြန်တွေးရင်း
သူ(မ)လက်က ပတ္တမြားလက်ပတ်ကို ပွတ်လိုက်တယ်။ နှုတ်ခမ်းတွေကိုစုလိုက်ပြီး အတွေးတွေတသီကြီးတွေးနေမိတယ်။

"သခင်မကြီးခင်ဗျာ ဒီနေ့ ကျွန်တော်လာရောက်ရတဲ့အကြောင်းကတော့ ကျွန်တော်တို့တင့်အိမ်တော်ဆက်ခံသူနဲ့ ဒီအိမ်တော်ရဲ့စတုတ္ထသခင်မလေးကျန်းနင်ဘောင်တို့စေ့စပ်ကြောင်းလမ်းထားတဲ့ကိစ္စအတွက်ပဲဖြစ်ပါတယ်။" အိမ်တော်ထိန်းကျောင့်ဟာ ရှေ့တန်းထွက်ဖူးသူပီပီ သွယ်ဝိုက်မနေဘဲ ဖြေရှင်းဖို့ခက်နေတဲ့ကိစ္စကို တည့်တိုးပြောတော့တာပါပဲ။

ဇာတ်လိုက်မင်းသားအဖေနှင့်လက်ထပ်ခြင်းWhere stories live. Discover now