Chapter-1

3.6K 84 5
                                    

Unicode

တ-ရွှမ်မင်းဆက်၊ ဂန်ယွန်ပြက္ခဒိန်၊ ဒုတိယနှစ်။

နွေဦးရာသီပန်းတွေ အစွမ်းကုန် ပွင့်လန်းကြပြီးတော့ လေထုဟာ ရုတ်တရက် ပူနွေးရာကနေ ပြန်အေးစက်သွားတဲ့အချိန်။ ညင်သာတဲ့ လေပြေအဝှေ့မှာ ပန်းပွင့်ဖတ်ကလေးတွေ အသာလေး ယိမ်းကကြရင်း။ လေထဲဝယ် ပန်းရနံ့တွေ သင်းလျက်။

အရှေ့အရပ်ဆီ မီးခိုးရောင်ဆမ်းတဲ့ အရုဏ်တက်ချိန်မှာ နေမင်းကြီးရဲ့ နေရောင်ခြည်ဦးတွေဟာ မဝံ့မရဲ ကွက်တိကွက်ကျား ဖြာကျရှာတယ်။

ကောင့်ထ် ချန်နင်အိမ်တော်က အစေခံတွေဟာ တစ်နေ့တာ လုပ်ငန်းခွင်ကို စတင်လိုက်ကြပြီ။ ကိုယ်စီ တာဝန်ကျရာ ခြံတံတိုင်းဝင်းတွေထဲမှာ ခေါက်တုံ့ခေါက်ပြန် သွားလာလုပ်ကိုင်ကြရင်း အိမ်တော်တစ်ခုလုံး စစည်ကားလာပါတော့တယ်။

ဒါပေမယ့်လည်း အနောက်ဘက်ခြမ်းက ငြိမ်သက်လှပလှတဲ့ ခြံတံတိုင်းဝင်းတစ်ခုကတော့ တိတ်ဆိတ်လျက်ရှိတယ်။ ဝင်းထဲကို အလျင်စလိုဝင်ထွက်နေတဲ့ အစေခံတစ်ယောက်ကိုမှ မတွေ့ရပါဘူး။

အဲ့ဒီခြံဝင်းထဲက ကနုတ်တွေနဲ့ပုံဖော်ထွင်းထုထားတဲ့ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကျန်းနင်ဘောင်တစ်ယောက် နှိုးလာခဲ့တယ်။ မျက်လုံးတွေလှရုံမက သူမရဲ့ရုပ်ရည်ရူပကာဟာလည်း ပြစ်မျိုးမှဲ့မထင်အောင် လှပတယ်။ သနားညှာတာတတ်ပြီး အတွေးအမြင်ကြည်လင်ပြတ်သားတဲ့ ပင်ကိုစရိုက်ကို ပိုင်ဆိုင်သူဖြစ်သလို နူးညံ့သိမ်မွေ့ပြီး နှစ်လို့ဖွယ်ကောင်းတဲ့ရုပ်ရည်က သူတပါးတွေ သူမအပေါ် ကရုဏာသက်ရစေတယ်။

"ငါ စာအုပ်ထဲကို တကယ် ရောက်လာခဲ့တာပဲ"

သူမကိုယ်ပေါ်က စောင်ပါးလေးကို အသာဖယ်ပြီး အိပ်ရာပေါ် ထထိုင်လိုက်တယ်။ မျက်မှောင်ကြုတ်စဉ်းစားရင်း တုန်လှုပ်လာပြီး မယုံကြည်နိုင်သလို ခံစားလာရပြန်တယ်။ ခဏလောက် နှုတ်ဆိတ်ထိုင်ပြီးတဲ့နောက် ခြင်ထောင်ဇာကိုဖယ်၊  အပေါ်ဝတ်ရုံလွှာတစ်ထည် ‌ထပ်ဝတ်ပြီး အိပ်ရာထဲက ထလာခဲ့လိုက်တယ်။ ဇာပန်းထိုးထားတဲ့ဖိနပ်တစ်ရံကို စီးပြီး ခေါင်းစည်းကြိုးကို စိတ်ကူးပေါက်ရာ လက်ကောက်ဝတ်မှာ စည်းထားလိုက်တယ်။

ဇာတ်လိုက်မင်းသားအဖေနှင့်လက်ထပ်ခြင်းWhere stories live. Discover now