Chapter-6

545 58 2
                                    

Unicode

အိမ်တော်ထိန်းကျောက်ရဲ့စကားအဆုံး ပထမသခင်မကျန်က ကျန်းနင်ဘောင်ရဲ့လက်ကို ဖွဖွလေးပုတ်လိုက်ပေမဲ့ မျက်နှာကတော့ အတော်ပျက်နေပြီး အိမ်တော်ထိန်းကျောက်ကို ဒေါသနဲ့ စိုက်ကြည့်လိုက်တယ်။
"ဆက်ခံသူသခင်လေးက စေ့စပ်ထားတာကို သူ့သဘောကျဖျက်သိမ်းတဲ့ထိ တော်တော်မျက်နှာပြောင်တာပဲ။ အဲ့လိုလုပ်ရင် တစ်ဖက်မိန်းကလေးက ဘယ်လောက်သိက္ခာကျသွားမလဲဆိုတာ မစဉ်းစားပေးတော့ဘူးလား? မှားနေတာက သူကို ဘာလို့ဒီလိုလုပ်ရသေးတာလဲ? စေ့စပ်ထားတာဖျက်သိမ်းလိုက်ရင် ကျွန်မတူမလေးက နောက်ထပ် အိမ်ထောင်ဖက်ကောင်းကောင်း ဘယ်လိုရတော့မှာလဲ?" လို့ အေးစက်စက်ပြုံးရင်း ပြောလိုက်တယ်။

အိမ်တော်ထိန်းကျောက်မျက်နှာတင်းပြီး နီရဲသွားတယ်။ တစ်ခုခုပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ ဒီကိစ္စမှာ ဆက်ခံသူသခင်လေးမှားတာဖြစ်တာကြောင့်ဘာမှဆက်ရှင်းမပြတော့ဘဲ နေလိုက်တယ်။

"အတင်းအကျပ်လုပ်သလိုဖြစ်နေသလိုပေမဲ့ လက်လွတ်စပယ်လုပ်တာတော့လဲ မဟုတ်ပါဘူး။ သခင်က ဖျက်သိမ်းချင်တယ်ဆိုတော့လဲ ကျွန်တော်မျိုးတို့အစေခံတွေကလဲ နာခံရုံပဲတတ်နိုင်တယ်လေ။ ဒါပေမဲ့ သခင်မကြီးကတော့ စတုတ္ထမမလေးအတွက် လျော်ကြေးပေးမယ်လို့ မှာလိုက်ပါတယ်။"

ကျန်းနင်ဘောင့်မျက်ခုံးမွှေးတွေ ဆတ်ခနဲဖြစ်သွားပြီး အိမ်တော်ထိန်းကျောက်ကို စိုက်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ ဒီအကြောင်းပြောပြီ။

ဒါက ဒီဝတ္ထုရဲ့ရက်ရောလှတဲ့ဇာတ်လိုက်မင်းသားဆီက စေ့စပ်ပွဲဖျက်သိမ်းတာအတွက် လျော်ကြေးဖြစ်သလို့ ကျန်းနင်ဘောင်ပျက်စီးခြင်းရဲ့အစလဲဖြစ်တယ်။

အဆိပ်ရှိပြီး သိမ်မွေ့တဲ့အသွင်အပြင်နဲ့ အရေးမပါတဲ့ဇာတ်ကောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ညင်သာပြီးအန္တရာယ်များတဲ့အစီအစဉ်တွေကို သုံးရပါတော့တယ်။

ကျန်းနင်ဘောင် အဲဒီအဆိပ်ပြင်းတဲ့'သူ(မ)'*အကြောင်းကို စဉ်းစားမိပြီး မျက်လုံးတွေမှာ စိတ်ဝင်စားတဲ့အရိပ်အယောင်တွေနဲ့ လက်ခနဲဖြစ်သွားတယ်။

ဇာတ်လိုက်မင်းသားအဖေနှင့်လက်ထပ်ခြင်းWhere stories live. Discover now