Chapter-8

595 52 0
                                    

Unicode

ဒီလိုအခြေအနေအတွက် ကျန်းနင်ဘောင် ကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့ တကယ်ကြုံရတဲ့အခါ သူ့နှလုံးသား အေးစက်သွားရတယ်။ သူ့မိဘတွေသာရှိခဲ့ရင် သူအလေးမထားရင်တောင် သူ့အကြီးဆုံးကြီးကြီးသဘောအတိုင်းဖြစ်စရာ လိုမှာမဟုတ်ဘူး။

အိမ်တော်ထိန်းကျောက်က သခင်မကြီးကျန်းနဲ့ ပထမသခင်မကျန်တို့ရဲ့သဘောထားကို ဘယ်နားလည်နိုင်ပါ့မလဲ။ နှုတ်ဆိတ်နေတဲ့ စတုတ္ထသခင်မလေးကျန်းဘက်ကို ကြည့်ပြီး အိမ်တော်ထိန်းကျောက်တစ်ယောက် သက်ပြင်းချမိတယ်။ ဆက်ခံသူသခင်လေးက ဆုံးဖြတ်ပြီး ချက်ချင်းစီစဉ်ခဲ့တာပေမဲ့ အိမ်တော်ထိန်းကျောက်အနေနဲ့ ဆက်ခံသူမှာလိုက်တဲ့အတိုင်းလုပ်ရတာမို့ အခြားလျော်ကြေးအကြောင်းပြောဖို့ကို မျက်နှာပြောင် အရေထူရတော့တာပဲ။

"ကျွန်တော်တို့သခင်မကြီးကလဲ ဆက်ခံသူသခင်လေးရဲ့အစီအစဉ်ကို သဘောတူတဲ့အပြင် ချန်နင်အိမ်တော်ကို ပြည်သူ့ဝန်ထမ်း‌ရေးရာဝန်ကြီးဌာနမှာ အကြံပေးရာထူးတစ်နေရာပေးပါအုံးမယ်တဲ့။ သခင်မကြီး ဘယ်လိုသဘောရပါသလဲ?"

ပြည်သူ့ဝန်ထမ်းရေးရာဝန်ကြီးဌာနရဲ့အကြံပေးဆိုတာ ပဉ္စမအဆင့်ရာထူးနေရာဖြစ်တယ်။

ပထမသခင်မကျန် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ သူ့နှလုံးကတော့ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေလေရဲ့။ မျက်လုံးတွေကတော့ တလက်လက်တောက်ပလို့။

ပထမသခင်မကျန်ဟာ သားနှစ်ယောက်နဲ့ သမီးနှစ်ယောက်တို့ကို ဖွားမြင်ထားသူဖြစ်တယ်။ သားနှစ်ယောက်လုံး အသုံးမကျကြပါဘူး။ ပထမသားကြီးကတော့ သာမန်ပါပဲ။ အသက်က ၂၀၊ လွန်ခဲ့တဲ့၁၀နှစ်လုံး အားသွန်ခွန်စိုက် စာပေလေ့လာခဲ့ပြီး နန်းတွင်းအရာရှိစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပေမဲ့ တစ်ကြိမ်မှ မအောင်မြင်သေးပါဘူး။ ဒါပေမဲ့ သားအကြီးဆုံးဖြစ်တာမို့ ချန်နင်အိမ်တော်ကို ဆက်ခံရမဲ့သူဖြစ်တယ်။ ဒုတိယသားဖြစ်သူကတော့ နန်းတွင်းအရာရှိစာမေးပွဲကို လက်လျှော့လိုက်တာမို့ သူ့အနာဂတ်က ဘယ်ဆီနေမှန်း မသိသူပါ။ ဖခင်ဖြစ်သူ ကောင့်ထ်ချန်နင်ခမျာ သူ့ပတ်သက်ရာဆက်စပ်ရာအသိအကျွမ်းတွေနဲ့ ချိတ်ဆက်ပြီး သူ့ဒုတိယသားကို အရာရှိဖြစ်အောင်လုပ်ပေးချင်ခဲ့တာပါ။ တကယ်လို့သာ ဒယျုခ်တင့်အိမ်နဲ့ အဆက်အစပ်ရှိသွားရင် ဒယျုခ်တင့်အိမ်တော်မျက်နှာကြောင့် ရာထူးရဖို့ အသာလေးဖြစ်လောက်ပြီပေါ့။

ဇာတ်လိုက်မင်းသားအဖေနှင့်လက်ထပ်ခြင်းWhere stories live. Discover now