🌺Dear florist🍀

22.4K 1K 365
                                    

Unicode

အဟမ်း!တချို့readerတွေရဲ့တောင်းဆိုမှုကြောင့် ဒီတခါသရီးစမ်းဝါးနင်းမယ်ကွာ😎

>>>>>>>>>>>>

ချစ်လှစွာသော ပန်းကုန်သည်လေး...

မြတ်နိုးရပါသော ပန်းကုန်သည်လေး...

နူးညံလှပသော ပန်းကုန်သည်လေး...

ကိုယ်တို့ကို တစ်ခုလောက်တော့မေးခွင့်ပြုကွယ်...
ဖြူစင်လွန်းတဲ့ ပန်းပွင့်လေးကိုမှ အရောင်တွေစွန်းထင်းစေခဲ့တဲ့ ကိုယ်တို့နှစ်ယောက်အပေါ်
ပန်းပွင့်ဖြူလေးရေ~မင်းခွင့်လွှတ်နိုင်ရဲ့လား..?

>>>>>>>>>>>>

ညနေ3နာရီထိုးခါနီးအချိန်ဆိုပေမယ့် ရာသီဥတုဟာ နေကျစ်ကျစ်တောက်ပူနေဆဲ...

- ဟူး အလုပ်တွေကလည်းများလိုက်တာ

နားထင်လေးကို လက်ညိုးနဲ့ဖိရင်း ညည်းတွားလိုက်သည်...မနက်ကတည်းက အော်ဒါစာရင်း deliverပို့ရမယ့်ဟာတွေနဲ့ ချာလပတ်ရမ်းနေတာ ခုညနေ3နာရီတောင်ထိုးကာနီးပါပေါ့...ခုထိလည်း နေ့လည်စာမစားရသေး...

ထယ်ယောင်းမှာ ဖခင်မရှိတော့ပါ...
အမေဖြစ်သူနဲ့တူတူနေထိုင်ရင်း ဒီပန်းရောင်းတဲ့အလုပ်ကိုလုပ်သည်...အိမ်နောင်ဖေးခြံကွက်မှာလည်း နှင်းဆီ,ကျူးလစ်,သစ်ခွ,လာဗင်ဒါစတဲ့ ပန်းပင်လေးတွေကို စိုက်ပျိုးထားသည်...

ထိုပန်းဆိုင်လေးကိုသာ သားမိနှစ်ယောက်အမှီပြုနေရသည်...ထိုပန်းဆိုင်လေးကသာ သားအမိနှစ်ယောက်ကို အလုပ်အကျွေးပြုနေသဖြင့် ထယ်ယောင်းဒီပန်းဆိုင်လေးကိုမြတ်နိုးသည်...ရောင်စုံပန်းခင်းတွေကြားထဲ အသက်မွေးရတဲ့အလုပ်က်ို သူပျော်မွေ့သည်...

ပန်းခင်းတွေကြားထဲရောက်သွားရင် တကယ့်စိတ်ကူးယဥ်လောကကြီးကိုရောက်သွားသလိုပဲ...အိမ်မက်ဆန်တယ်...လှတယ်...တခြားအချိန်တွေထက် ပန်းခင်းထဲမှာရှိနေချိန်ဆို စိတ်ကူးတွေကိုပုံဖော်လို့ပုံကောင်းတယ်လေ...

သို့ပေမယ့်အခုတော့ သူနှစ်သက်တဲ့ပန်းခင်းထဲတောင်မရောက်ဖြစ်...တနေကုန်သိမ်းကျုံးလုပ်တာတောင် အလုပ်တွေတောင်လိုပုံနေခြင်းကြောင့်ပင်...

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❷{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔪}Where stories live. Discover now