🐰Koo's Boo🐯

18.2K 861 335
                                    

Unicode

တကယ့်တကယ်တော့ ထိုကောင်လေးက ကျနော့်ထက်အသက်အများကြီးငယ်ပါတယ်...ကျနော့်အသက်18မှာသူ့အသက်က10နှစ်ဆိုတော့ ကျနော်တို့နှစ်ယောက်8နှစ်တောင်ကွာကြတာပါ...

ခုဆိုကျနော်က26 သူ့အသက်က18ဖြစ်နေပြီ...ကြားထဲကဆယ်နှစ်ဆိုတဲ့အချိန်ကာလကြီးကိုကျနော်ဘယ်လိုဖြတ်ကျော်လာခဲ့ရလဲဆိုတာ လူကြီးမင်းတို့ကိုကျနော်ပြောပြပါ့မယ်...

အော် ကျနော့်ကင်မ်ထယ်ယောင်းပါဗျ...ခင်ဗျားတို့မှတ်ထားရအောင်...
ဒါဆို ဇာတ်ကြောင်းလေးပြန်ပြောရအောင်...

<<<<8 years ago<<<<

- လူလေး ဒါမင်းနေရမယ့်အိမ်ပဲ

နေရမယ်ဆိုတဲ့အိမ်ကို တစ်ချက်မော့ကြည့်လိုက်သည်...စိတ်ထဲအနည်းငယ်ကျေနပ်သွားသည်...နယ်ကနေကျောင်းလာတက်တဲ့လူတွေ ဒီလိုအိမ်မျိုးတော်ရုံငှားနေနိုင်တာမဟုတ်...တော်သေးတယ် ဆိုးလ်မှာရှိနေတဲ့ဘွားဘွားကအကုန်စီစဥ်ပေးလို့သာရယ်ပေါ့..

အမှန်တော့ အထက်တန်းကိုဒီမှာလာတက်ဖို့ ငယ်ငယ်ထဲကစီစဥ်ပြီးသားပါ..ကျောင်းပြီးမှလာဖို့စဥ်းစားထားပေမယ့် အထက်တန်းကိုပါဆိုးလ်မှာတက်ဖို့ဆုံးဖြတ်ဖြစ်သွားသည်...အိမ်ကလူကြီးတွေကလည်း လယ်လုပ်ရဘာလုပ်ရနဲ့ဆိုတော့ ကျနော်တစ်ယောက်တည်းလာခဲ့ရတယ်ပဲဆိုပါတော့ဗျာ...

ကျနော်လည်း နှစ်ထပ်တိုက်အိမ်လေးကိုကြည့်လိုက်ခြံဝန်းထဲပတ်ကြည့်လိုက်နဲ့ နောက်တော့ ခြံရဲ့ထောင့်ဘက်နားမှာနောက်ထပ်ခပ်သေးသေးအိမ်တစ်လုံးရှိနေတာကို သတိထားမိသွားတယ်...

- ဦးလေး

အနားရပ်နေတဲ့ဦးလေးကို လက်ယက်ခေါ်လိုက်ပြီး

- ဟိုနားကအိမ်လေးမှာလူနေလားဗျ

ထိုအိမ်လေးအားလက်ညိုးထိုးရင်း မေးလိုက်သည်

- အော် အဲ့အိမ်မှာကခြံစောင့်နဲ့သူ့သားကလေးလေးတစ်ယောက်ပဲနေတာပါ.. ငါ့တူထွေထွေထူးထူးဂရုစိုက်စရာမလိုပါဘူးကွယ်...

- အော် ဟုတ်ကဲ့ဦးလေး ကျေးဇူးပါ

- လာလာငါ့တူကြည့်လို့ပြီးရင် ဦးလေးအိမ်ထဲလိုက်ပို့ပေးမယ်

𝔡𝔢𝔩𝔦𝔠𝔞𝔱𝔢 𝔱𝔬 𝔨𝔬𝔬𝔨𝔳❷{𝔬𝔫𝔢𝔰𝔥𝔬𝔯𝔱 𝔠𝔬𝔩𝔩𝔢𝔠𝔱𝔦𝔬𝔪}Where stories live. Discover now