Title: bitch စိုးမြင့် that's a DOLO!!
(Jenny တီးလုံးလေးနဲ့တွဲဖတ်)ပတ်ချန်ကို မဘူးခင် ပုစုခရုလေးရဲ့ solo အကြောင်းပြောကြမယ်လေ...တောင်တန်း(nord)vpn ရဲ့ ပရီမီယံ ပက်ကေ့ခ်ျ သက်တမ်းကုန်သွားလို့ ပျော်ရွှင်မှုလေးက ဂျောင်ဆူးsolo အကြောင်းကို နကန်းတစ်လုံးမှ မသိလိုက်ပါဘူးတဲ့။ ကံများကောင်းချက်ဆို ၂၈ ရက်လောက်က သက်တမ်းကုန်သွားတဲ့ဟာကို သက်တမ်းမတိုးပဲ အားနာပါးနာ free များ ပေးမလားလို့ ထပ်မတိုးပဲ စောင့်နေတာ ဂျောင်ဆူးsolo လွတ်သွားတာတောင် မသိလိုက်ဘူး။ ဆိုတော့ တွေ့ရာ free vpn ဒေါင်းရင်း psiphon နဲ့မှ လိုင်းရတော့တယ်...။အဲတော့ နယူးဖိမှာ ပတ်ပြေးနေတဲ့ ကောင်လေးကို နောက်ဆုံးတွေ့တဲ့သူဟာ လောင်ကျန်းလေး ဖြစ်နေမှာ အသေအချာပါပဲ။ ဘောင်းဘီတိုလေးနဲ့ ကောင်လေးကို တွေ့တော့ လောင်ကျန်း မာမားကို ပြောလိုက်တယ်....
"မာမား ....နယူးဖိမှာ ဘောင်းဘီတိုလေးနဲ့ ပတ်ပြေးနေတဲ့ ကောင်လေးကို သူများတွေ မမြင်ခင် အိမ်ခေါ် သိမ်းထားချင်လို့ တစ်သောင်းခွဲလောက် ထုတ်ပေးမလား"(ကိုယ်နောက်ဆုံးမှ သိတယ်ဆိုတာ မာမားကို ပြန်မပြောကြေး)
ကောင်လေးပုံလေးကို ပြပြီးတောင်းတော့ မာမားက ပေးချင်လာပြီနော်တဲ့။ ပြီးတော့ third wave နဲ့မို့ နယ်ဝေးက ပစ္စည်းတွေ မမှာနဲ့ဦး။ အန္တရာယ်များတယ်...အခြေအနေအေးမှ ဝယ်တဲ့....
မာမားက အဲသည်လိုဆိုတော့လည်း အင်ပေါ့ ...ပိုက်ဆံက သူထုတ်ပေးမှာကိုး...ဝယ်ပေးတဲ့အချိန်စောင့်ရုံပေါ့...
အရင်လကလည်း မာမားဆီက ပိုက်ဆံမတောင်းပဲ ကိုယ့်ဘာသာကိုယ် ချဲထိုး ဝယ်ဖို့ စီစဉ်ထားတာပဲ။ဘာထိုးရမှန်းမသိတော့ chansoo anni date ပဲ ယူထိုးမယ်ဆိုပြီး မမေ့အောင်ရွတ်တာပဲ...ရွတ်ရင်းက 519 ကနေ ဘယ်ပုံ 517 ဖြစ်သွားမှန်းမသိဘူး။ ရက်ဝေးသေးတယ်ဆိုပြီး မထိုးပဲနေလိုက်တာ...လကုန်မှာ ၃၁ဆိုပြီး အေးဆေးနေလိုက်တာ...သူများတွေက ထိုးတာနဲ့ ထွက်တာ လွဲတယ်ဆိုမှ ချဲထိုးဖို့ သတိရတယ်။ ကိုယ် ထိုးမယ့် ဂဏန်းထဲက ထွက်သွားတာဆိုတော့ မျောက် မီးခဲ ကိုင်မိတာလောက်နဲ့ မကတော့ဖူး ခွေးက ငြုပ်သီးစားလိုက်မိသလိုပဲ ပူစပ်ပူလောင်နဲ့ ...ဘယ်အဘသွားတရမှန်းကို မသိတော့...စောစောစီးစီးထိုးလိုက်ရင် ဘာဖြစ်မှာလဲ ဆိုပြီး ရတက်ပွေရတာ..။အဲတာVPN ဂြိုဟ်မွှေတာကြောင့်...။ဒီလလည်း လဝက်တစ်ခါကို မှီအောင်ထိုးဖို့ ဂဏန်းလိုက်ရှာတာ အများကြီးပဲ...ပေးသမျှကို မထိုးပဲစုတောင် all ver အေးဆေးမှာလို့ ရလောက်တဲ့အနေအထား...ဘုရားသိကြားမလို့ ဒိုဂျောင်ဆူးရဲ့ ကျေးဇူးတော်နဲ့ ပနံသင့်ပြီး တစ်ကွက်ထဲတိတိကျကျထွက်မှာလေးများ ရှိရင် လက်တို့ကြပါဦး အိတ်ခ်ျကစီ မမတို့ရယ်...ထိုးမယ့်နေရာက ယုံကြည်ရပါတယ်...ထိုးရမယ့် ဂဏန်းမရှိသေးတာက ပြဿနာမို့ပါ...ရေအိုးတွေ့လျက်နဲ့ ခပ်သောက်စရာ ရေခွက်ပျောက်နေတဲ့ လောင်ကျန်းရယ်ပါ...
YOU ARE READING
💗 Chansoo Ship Is Sailing 💗
Fanficသင်္ဘောအမည်>>>ချန်ဆူးသင်္ဘော ကပ္ပတိန်>>>ပတ်ချန်းယောလ် မာလိန်မှူး>>>ပျော်ရွှင်မှုလေး သင်္ဘောသားများ>>> chansooists