Mine!!

70 7 3
                                    

"တူ...တူ...တူ..."

*ချန်း​ယောလ်​လီ မြန်​မြန်​ဖုန်းကိုင်​စမ်းပါ။မြန်​မြန်​လေး...*

ဖြေဆိုသူမဲ့​နေသည့် ဖုန်း​ခေါ်ဆိုမှုကို​စောင့်ဆိုင်း​ရင်း​ ဂျောင်​ဆူးစိတ်​ထဲမှ ဆု​တောင်း​နေမိသည်​။ ကြိမ်​ဖန်​များစွာ​ခေါ်ဆို​နေသည့်​တိုင်​ ပြန်​လည်​ဖြေကြားခြင်းမရှိ​သော ဖုန်း​ခေါ်ဆိုမှု​ကြောင့်​ ယောလ်​လီ ငါ့ကို လက်​စားပြန်​ချေ​နေတာလားဆိုသည့်​ က​လေးဆန်​ဆန်​အ​တွေးကို​တွေးမိ​တော့​ ဂျောင်​ဆူး တစ်​ချက်​ပြုံးလိုက်​မိ​သေးသည်​။

*ငါ့ဆီက miss call​တွေ အများကြီး​တွေ့ရမှ မင်း စိတ်​ပြေမယ်​ဆိုရင်​ ငါ အကြိမ်​ထောင်​ပေါင်းများစွာအထိ ပြန်​ဖြေမယ့်​သူ မရှိတဲ့ဖုန်းကို အချိန်​ပေးပြီး​နှောင့်​ယှက်​နေနိုင်​တယ်​ဆိုတာ မင်းသိထားသင့်​တယ် ချန်း​ယောလ်​*

ဖုန်း​ခေါ်ဆိုမှု အကြိမ်​တစ်​ရာ​မြောက်​...

*​ယောလ်​လီ မင်း ဖုန်းကိုင်​ဖို့ သင့်​နေပြီ​နော်​...*

ဖုန်း​ခေါ်ဆိုမှု အကြိမ်​သုံးရာ​မြောက်​...

*​ယောလ်​လီ ငါ့ဖုန်းကို တကယ်​မကိုင်​တော့ဘူးလား..*

ဖုန်း​ခေါ်ဆိုမှု အကြိမ်​ငါးရာ့ခုနစ်​ဆယ့်လေးကြိမ်​မြောက်​...

*​ယောလ်​လီ ဒီတစ်​ခါ ဖုန်းမကိုင်​ဘူးဆိုရင်​ငါ မင်းနဲ့ လုံးဝ အဆက်​အသွယ်​မလုပ်​တော့ဘူး​နော်​*

ယတိပြတ်​ ဆုံးဖြတ်​ချက်​တစ်​ခုနဲ့အတူ​နောက်​ဆုံး​သောအကြိမ်​အဖြစ်​ ဖုန်း​ခေါ်လိုက်​ပေမယ့်​ ချန်း​ယောလ်​သာ တကယ်​ဖုန်းမကိုင်​တော့ရင်​ဆို​သော အ​တွေးနှင့်​ ဂျောင်​ဆူး  ဗျာများလာခဲ့ရသည်​။

တုန်​လှုပ်​နေ​သော စိတ်​ကို အ​ဖော်​ပြုရန်​ကိုက်​ဖဲ့​နေမိ​သော လက်​သည်းခွံများက​သွေးစို့စို့ ထွက်​လာသည့်​တိုင်​အောင်​ ချန်း​ယောလ်​ဘက်​က ဖုန်း​ဖြေဆိုမှုကို မကြားရ​သေး....

*​ယောလ်​လီ...မင်း ငါ့ကို တကယ်​စွန့်​ပစ်​သွားခဲ့ပြီပဲ*

"ဟယ်​လို...."

💗 Chansoo Ship Is Sailing 💗Where stories live. Discover now