DOLO ကလာနေပြီနော်...ပတ်ကြီး အပ်ပုဒိတ်မျှော်နေတဲ့သူတွေ မေ့နေမှာ စိုးလို့ သတိလာပေးတာ...26 ရက်နေ့ပြီးရင် 27 ရက်နေ့ဗျ...မေ့နေကြသလားလို့..."လတိုင်းရဲ့ ၂၇ ရက်မှာ တွေ့ကြမယ်ဆိုတဲ့" တစ်ယောက်ကို မေ့နေမှာ စိုးလို့...ကိုယ့်ဘာသာ DOLO ထွက်တုန်းလေး အေးအေးချမ်းချမ်းနဲ့ သီချင်းနားထောင်ကြပါဦး...
ပြောမယ့်သာ ပြောရတာ သီချင်းစထွက်ကတည်းက လောင်နေရမယ်လို့ လောင်ကျန်းကတော့ ခံစားမိနေတယ်....ဒီလိုရှိတယ်လေ...SSFW က သဘောထားကို မေးတဲ့ သီချင်းမျိုးဆိုရင် ရိုစီ က အဖြေပေးတာမျိုး ဖြစ်လိမ့်မယ်လို့ ထင်နေတာပဲ...SSFW မှာ "Find me like four seasons and no need to rush " ဆိုပြီး "သူ့ကို လာရှာပေးပါ...အလျင်လိုစရာတော့မလိုပါဘူး..." ဆိုတဲ့ စာသားပါတယ်မလား....ရိုစီ မှာကျတော့ " အဝေးကြီးမသွားပါနဲ့...ဒီအတိုင်းလေး ရှိနေပေးပါ...ဘေဘီ..." ဘလာဘလာ ဆိုတာလေး နားထောင်လိုက်ရတယ်လေ...
ဆိုတော့ ဒိုပုစု တပ်ထဲမှာရှိတုန်း ပတ်ကြီးက အဖြေစွတ်တောင်းတယ်ပေါ့လေ...နောက်တော့ အကြံမသေးတဲ့ ဒိုအသေးလေးက ကလဲ့စားချေတဲ့ သဘောနဲ့ ပတ်ကြီး တပ်ထဲဝင်မှ အဖြေ ပြန်ပေးတယ်ပေါ့လေ...teaserလေး နားထောင်ပြီးတော့ ကိုယ့်ရဲ့ ရေဒါက အသိပေးလာတာက ဒီနှစ်ယောက်က အပြန်အလှန် အချစ်စမ်းနေပါသတဲ့... ဒီသေးသေးလေး နားထောင်ပြီးတော့တောင် သေးသေးလေးစာ အကြီးကြီး လောင်မြိုက်သွားတယ်လေ...တစ်ယောက်တည်း ကြိတ်လောင်နေလို့တော့ မဖြစ်ဘူးမလား...အားလုံးဝိုင်းလောင်ရအောင် လာရှို့တာပါလေ...စိတ်မကောင်းပေမယ့် မနက်ဖြန် သီချင်းနားထောင်ရင်း လောင်ရသလို သဘက်ခါကျရင်လည်း လောင်မြိုက်ကြရမှာပါ...
YOU ARE READING
💗 Chansoo Ship Is Sailing 💗
Fiksi Penggemarသင်္ဘောအမည်>>>ချန်ဆူးသင်္ဘော ကပ္ပတိန်>>>ပတ်ချန်းယောလ် မာလိန်မှူး>>>ပျော်ရွှင်မှုလေး သင်္ဘောသားများ>>> chansooists