စာအမြည်း

12.1K 776 11
                                    

Unicode Version

2008 ခုနှစ် ။

ဒီသက္ကရာဇ်အတွင်းမှာတော့ Baekhyun ဟာ အသက် 16 နှစ်အရွယ် ကျောင်းသားတစ်ယောက် ။ ထုံးစံအတိုင်း သိပ်ရင့်ကျက်တဲ့ အရွယ်တော့မဟုတ်ဘူး ။ လူပျိုပေါက်စလေး တစ်ယောက်အနေနဲ့ သူလက်တည့်စမ်းချင်တဲ့ အရာတွေက သိပ်ကိုများလွန်းတယ် ။

အိမ်က မိဘတွေစကား ၊ ကျောင်းက ဆရာမတွေစကား အားလုံးက သူ့ဘယ်ဘက်နားထဲက ဝင်လာရင် ညာဘက်နားထဲက တန်းတန်းမတ်မတ် ပြန်ထွက်သွားတာချည်းပဲ ။ Baekhyun က အဲ့လို ပြန်မပြော နားမထောင်စရိုက်မျိုး ။

ဟာသဥာဏ်ရွှင်ပြီး အမြဲစကားတွေ ရေပက်မဝင် ပြောနေတတ်တဲ့ စရိုက်ကြောင့် Baekhyun မှာ သူငယ်ချင်းတွေ အများကြီးရှိတယ် ။ အဲ့တော့ တရုန်းရုန်း တဝုန်းဝုန်းနဲ့ သောင်းကျန်းဖို့အပြင် အခြားသူ့ခေါင်းထဲမှာ ထွေထွေထူးထူး မရှိဘူး ။

ဒါပေမယ့် သူ့မှာလည်း စိတ်ညစ်စရာတွေ ရှိနေပြန်တယ် ။ ဒီအသက်အရွယ်ရဲ့ စိတ်ညစ်စရာကတော့ ထုံးစံအတိုင်း စာမလုပ်ချင်တဲ့ ပြသနာရယ် ၊ ဂိမ်းစွဲနေတဲ့ ပြသနာရယ် ။

Baekhyun စာလုပ်ရမှာကို တအားပျင်းတယ် ။ အမေဖိအားပေးလို့ မတတ်သာပဲ စာဖတ်စားပွဲမှာ ထိုင်ရရင်တောင် စာအုပ်ကို ရှေ့ချပြီး အတွေးတွေက ဟိုရောက် ဒီရောက် ရောက်နေရော ။ စားပွဲပေါ်က ရှိသမျှ ပစ္စည်းမျိုးစုံကို လျှောက်ကလိနေတယ် ။ စာကလွဲပြီး အားလုံးက သူ့အတွက် စိတ်ဝင်စားစရာတွေချည်းပဲ ။

လပတ်စာမေးပွဲ ဖြေခါနီးတော့ အမေက သူ့ဂိမ်းစက်ကို ရိုက်ခွဲပစ်လိုက်တယ် ။

လုပ်ရက်လိုက်လေခြင်း ။

ဒီဂိမ်းစက်လေးကို ဝယ်ဖို့ Baekhyun နှစ်ပတ်လောက် မုန့်မစားပဲ စုခဲ့ရတာ ။ ပြီးတော့ သူငယ်ချင်းတွေကြား ကြွားလို့ ဘယ်လောက်ကောင်းလိုက်သလဲ ။ ခုတော့ ကြွားလို့တောင် မဝသေးဘူး အမေ့လက်ထဲမှာ သူ့ဂိမ်းစက်လေး တစ်စစီဖြစ်ကုန်ပြီ ။

အဲ့နေ့က အမေနဲ့စကားတွေများပြီး Baekhyun အိမ်ပေါ်က ဆင်းလာခဲ့တယ် ။ အပြီးအပိုင်တော့ မဆင်းရဲပါဘူး ။ လမ်းထိပ်က စတိုးဆိုင်လောက်ပဲ ဟန်ပြပေါ့ ။ အဓိကက ပွစိပွစိလုပ်နေတဲ့ အမေ့အသံတွေကို မကြားချင်တော့လို့ ရှောင်လာခဲ့တာ ။ ပြီးတော့ စတိုးဆိုင်ကနေ စုပ်လုံးတစ်ချောင်းဝယ် ၊ ပါးစပ်ထဲထည့်ရင်း ဆိုင်ရှေ့က ထိုင်ခုံမှာ နာရီဝက်လောက် ငိုင်ငိုင်ကြီး ထိုင်နေတယ် ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now