Real Life - 3

4.9K 582 7
                                    

Zawgyi

ထိုအချိန်တွင် လီရုန်ဟာ ကြီးမားတဲ့စံအိမ်တော်ကိုစိုက်ကြည့်ကာ လျိုချင်းဟောင်ကိုမေးလိုက်တယ်။

"ဒါလား ရှအိမ်တော်ဆိုတာ"

"အင်း။သတိထားပြီးဝင်ရအောင်...ဟိုသားအဖနှစ်ယောက်အထဲမှာရှိချင်ရှိနေနိုင်တယ်!"

"ကောင်းပြီ!"

လီရုန်နဲ့လျိုချင်းဟောင် ရှအိမ်တော်ကိုရောက်လာတဲ့အကြောင်းအရင်းကတော့ ရှမိသားစုရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုရယူပေးနိုင်တဲ့ ဟိုသားအဖနှစ်ယောက်ရှာနေတဲ့ရှအိမ်တော်တံဆိပ်တုံးပဲဖြစ်တယ်။

အခုလီရုန်ဟာ ဆေးရုံအဝတ်နဲ့မဟုတ်တော့ချေ..။လျိုချင်းဟောင် ဝယ်လာပေးတဲ့ အင်္ကျီမီးခိုရောင်ကိုမှ အပေါ်မှအနက်ရောင်အပေါ်ကုတ်ဝတ်ထားပြီး ၊ဘောင်းဘီအနက်ကိုဝတ်ဆင်ထားသည်။

နှစ်ယောက်လုံးခိုးကြောင်ခိုးဝှက်ဝင်ရမည်ဖြစ်တာကြောင့် လီရုန်ကအရင်ဆုံးအုပ်တံတိုင်းကိုကျော်တက်လိုက်တယ်။သူ့အတွက်ကတော့ ဒီအုပ်တံတိုင်းလောက်ကတော့အသာလေးပဲ။ဒါပေမယ့် လျိုချင်းဟောင်ကတော့ လီရုန်တက်သွားတာကိုကြည့်ကာ မျက်မှောင်ကြုတ်လျှက်ပြောလို့လာတယ်။

"ရှကောဖေး ဘယ်လိုတောင်မျောက်တကောင်ကိုချစ်သူတော်ထားတာလဲ?"

"ခင်ဗျား သူများကိုမကောင်းပြောပြီးအချိန်ဖြုန်းနေမယ့်အစား အမြန်လေးတက်ခဲ့ပါလား!"

"ဟမ့်!ဒီအုတ်တံတိုင်းလောက်ကတော့ အချိန်ယူဖို့မကြာပါဘူး!"

ထိုနောက် လျိုချင်းဟောင်က အနောက်ကခြေလှမ်းအနည်းငယ်ဆုတ်လိုက်တယ်။ထိုနောက် ပြေးလိုက်ကာ ခုန်လိုက်ပြီး နံရံကိုခြေထောက်နဲ့ကန်ကာ လက်ကိုအုတ်တံတိုင်းထိတ်ကိုလှမ်းကိုင်ကာ အသာလေးတက်လာလိုက်တယ်။လီရုန်က'မဆိုးပါဘူး'ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ရှကောဖေးပြောပြထားလို့ ဒီလျိုချင်းဟောင်ဆိုတဲ့လူအကြောင်းအနည်းငယ်သိပြီးပြီ။လျိုမိသားစုကအငယ်ဆုံးသားဖြစ်ပြီး မျိုးရိုးစဉ်ဆက်ဆရာဝန်ဖြစ်လာတာကြောင့် လျိုချင်းဟောင်ကလည်း ဆရာဝန်တစ်ယောက်ပဲဖြစ်တယ်။ဆရာဝန်ဖြစ်တာကြောင့် အကြမ်းပတမ်းမခံပဲ နူးညံ့တယ်လို့....မထင်မိပါဘူး။ဖုန်းပြောထဲကလေသံကိုကယဉ်ကျေးမှုမရှိ၊လူကြမ်းကြီးမှန်းသိနေတယ်။သူ့ကိုလည်း အားနေဂျိုကြည့်ကြည့်လိုက် မကောင်းပြောလိုက်နဲ့ပဲ။

System Ah Li(Real Life)✔Where stories live. Discover now