Zawgyi
ကျွန်တော့်နာမည်ကတော့ လျိုချင်းဟောင်ပါ ၊ဆရာဝန်တစ်ယောက်ဖြစ်ပြီး Gayတစ်ယောက်လည်းဖြစ်တယ်။ကျွန်တော့်ဟာ ကျွန်တော့်ကိုအရမ်းအလိုလိုက် အရမ်းချစ်တဲ့ လူကြီးတစ်ယောက်နဲ့ချစ်သူတွေဖြစ်သည်။
နောက်ပြီး ကျွန်တော့်မှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိတယ်။သူက ရှမိသားစုက အမွေဆက်ခံသူ ရှကောဖေးပါ။အခုတော့ ရှကုမ္ပဏိပိုင်ရှင်ပြီးဖြစ်ပြီး မိသားစုအမွေတွေကိုထိန်းသိမ်းလို့ သူချစ်ရတဲ့ လီရုန်ဆိုတဲ့ လူငယ်လေးနဲ့နိုင်ငံခြားမှာ လက်ထပ်လို့ ကလေးနှစ်ယောက်မွေးစားထားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတယ်။
ဟုတ်တယ် ပျော်ပျော်ရွှင်ရွင်နေထိုင်နေတယ်!ဒင်းက သူ့ကုမ္ပဏီကို ကျွန်တော်နဲ့ထားထားပစ်ခဲ့ပြီး သူ့မိသားစုနဲ့သွားပြီးသာယာနေတယ်။ကုမ္ပဏီကိစ္စတွေကို ကျွန်တော်ကပဲ လုပ်ပေးနေရတယ်။အခုဆို ကိုယ့်ကိုယ်ကို ဆရာဝန်လား ကုမ္ပဏီပိုင်ရှင်လား မသဲကွဲတော့ဘူး။
ထားပါ ၊ကျွန်တော်ကဒေါသထွက်နေလည်း သူတို့က အသာအယာမပျက်ပါဘူးလေ ၊အဲ့တော့ ကျွန်တော်ပဲအရူးဖြစ်တယ်။
ကတောင်*
ဖုန်းထဲဝင်ရောက်လာတဲ့ messageကိုကြည့်လိုက်တယ်။
#ဘေဘီ ဒီနေ့ ချစ်သူများနေ့..ကိုယ်မင်းကိုတွေ့ချင်တယ်။ဒါမဲ့ ကိုယ်ထွက်လာလို့မရဘူးကွာ...ကိုယ်စိတ်ညစ်တယ်။
ကတောင်*
#ဘေဘီ ကိုယ်မင်းကိုအရမ်းလွမ်းနေတယ်ကွာ..ကတောင်*
#ဘေဘီရော ကိုယ့်ကိုလွမ်းနေလား?ကတောင်*
#ဘေဘီ ကိုယ့်ကိုစိတ်မဆိုးနဲ့နော်..?ဟုတ်ပြီလား..ကတောင်*
#ဘေဘီ အရမ်းသတိရတယ်ကတောင်*
#ဘေဘီ ချစ်တယ်နော်ဘေဘီ ဘေဘီနဲ့ပို့လာတဲ့messageတွေကိုကြည့်ကာ လျိုချင်းဟောင် အသည်းယားစွာပြုံးလိုက်တယ်။ဒီနေ့က ချစ်သူများနေ့ဖြစ်ကာ သူ့လူကြီးက မအားဘူးလေ။ပထမတော့ ဝမ်းနည်းသွားပေမဲ့ အကြံတစ်ခုရလိုက်တဲ့အခါမှာ ဝမ်းမနည်းတော့ဘူး။
'ကိုကိုကတော့ ဘေဘီကစိတ်မဆိုးပါဘူး ။ကိုကို ချစ်သူများနေ့မှာ မအားလောက်ဘူးဆိုတာ ဘေဘီသိသားပဲ!တကယ်ပဲ လူကိုမနေ့ကတည်းက တောက်လျှောက် စာတွေပို့နေတာ မညောင်းဘူးလားမသိဘူး!'
![](https://img.wattpad.com/cover/276504870-288-k490967.jpg)
ВЫ ЧИТАЕТЕ
System Ah Li(Real Life)✔
Любовные романыHost(လီရုန်)ရဲ့ သူ့မူလကမ္ဘာကိုပြန်ရောက်သွားပြီး သူ့ညီနဲ့ သူ့မွေးစားအဖေရဲ့သားကိုကလဲ့စားပြန်ချေမှာပါ ၊နောက်ပြီး သူ့ချစ်သူနဲ့မထင်မှတ်ပဲပြန်ဆုံတွေ့ရကာ သူ့ချစ်သူရဲ့အရှုပ်ထုတ်တွေကို ကူညီပေးရင်း သူ့ချစ်သူကြီးနဲ့ ခွေးစာတွေကျွေးမယ့်အပိုင်းတွေပါနော် ။ Host(လီရု...