Zawgyi
လီရုန်တစ်ယောက် စံအိမ်အနောက်ဘက်ကိုသွားဖို့လုပ်ပေမယ့် သူဆီပြေးလာတဲ့လူတွေကြောင့် အနောက်လှည့်ကာ ခြံရဲ့ဂိတ်ပေါက်ဆီသို့သာအပြေးသွားလိုက်သည် ။ခြံဝကအစောင့်နှစ်ယောက်က လီရုန်ပြေးလာတာမြင်တော့ ဘာလဲဆိုပြီးကြောင်သွားကြပေမယ့် အနောက်က သူ့ဘော်ဒါတွေရဲ့"သူကိုတား!"ဆိုတဲ့အသံတွေကြောင့် နှစ်ယောက်သား လီရုန်ကိုတားဆီးဖို့ပြင်လိုက်ကြတယ်။
လီရုန်လဲ သူယူလာတဲ့စာအုပ်နဲ့စာရွက်စာတမ်းတွေကိုတင်းကြပ်စွာဆုတ်ကိုင်ကာ တားဆီးလာတဲ့ အစောင့်နှစ်ယောက်ထဲမှ ပထမတစ်ယောက်ရဲ့ဗိုက်ကို ခြေနဲ့ပိတ်ကန်လိုက်သည်။ထိုတစ်ယောက်လဲကျသွားသည်နှင့် နောက်ယောက်က သူ့ဆီကိုလက်သီးနဲ့ပစ်ထိုးကာဝင်လာတာကြောင့် ထိုလက်ကို ဆုတ်ကိုင်လိုက်ကာ ဝမ်းဗိုက်ကို ဒူးနဲ့တိုက်လိုက်သည်။ထိုတစ်ယောက်က ဒူးထောက်ကျသွားပေမယ့် လီရုန်လက်ထဲက စာရွက်စာတမ်းကိုမြင်တော့ အရေးကြီးသည်လို့တွေးလိုက်ပြီး ဆွဲယူလေတယ်။ လီရုန် မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ဆွဲယူလိုက်တော့ ထိုလူကလည်းမလွှတ်ပေးပဲ ဆွဲထားရာ ကိုယ်ဆွဲ သူဆွဲနဲ့ စာရွက်တွေက ကြားထဲက ဆုတ်ပြဲကာသွားလေသည်။
လီရုန် ဒေါသထွက်သွားကာ...ထိုအစောင့်ရဲ့မျက်ခွပ်ကို ပိတ်ကာကန်လိုက်သည်။
"ချီးပဲ!!!ပြဲသွားပြီ ခွေးမသားလေးရဲ့!!"
ထိုအစောင့်က နှာခေါင်းသွေးများထွက်ကာ မူးဝေပြီး လဲကျသွားချိန်မှာ ပထမတစ်ယောက်ကပြန်ထလာပြန်သည်။လီရုန် *ကျွတ်*သတ်လို့ အနောက်လှည့်ပြေးရန်ကြံလိုက်ပေမယ့် နောက်ကျသွားပြီ တုန်းလင်လူတွေက သူ့ကိုပိတ်စို့လို့ထားလိုက်ပြီ။
လီရုန်က ထိုလူတွေကို ဘယ်လိုကျော်ဖြတ်ရမလည်းဆိုတာ မျက်မှောင်ကြုတ်ကာစဉ်းစားနေတုန်း...တုန်းလင်က သူ့လူ့တွေကြားမှ တိုဝင်ကာ...
"လီရုန်!မင်းပြေးလို့မလွတ်တော့ဘူးကွ!"
"ကျစ်!တုန်းလင်.."
"ဟားဟား...ဒီတစ်ခါဘယ်လိုပြေးဦးမလဲ လီရုန်...!!!မင်းအရှုံးပေးလိုက်တော့...အကုန်လုံးက မင်းကိုယ့်မွေးစားအဖေကိုသတ်ခဲ့လို့ မင်းကိုရွံ့ရှာမုန်းတီးနေကြပြီ မင်းအပြစ်မင်းခံလိုက်တာကောင်းမယ်!"
![](https://img.wattpad.com/cover/276504870-288-k490967.jpg)
KAMU SEDANG MEMBACA
System Ah Li(Real Life)✔
RomansaHost(လီရုန်)ရဲ့ သူ့မူလကမ္ဘာကိုပြန်ရောက်သွားပြီး သူ့ညီနဲ့ သူ့မွေးစားအဖေရဲ့သားကိုကလဲ့စားပြန်ချေမှာပါ ၊နောက်ပြီး သူ့ချစ်သူနဲ့မထင်မှတ်ပဲပြန်ဆုံတွေ့ရကာ သူ့ချစ်သူရဲ့အရှုပ်ထုတ်တွေကို ကူညီပေးရင်း သူ့ချစ်သူကြီးနဲ့ ခွေးစာတွေကျွေးမယ့်အပိုင်းတွေပါနော် ။ Host(လီရု...