Real Life - The End

5.7K 705 39
                                    

Zawgyi

ဒီနေ့ ရှကောဖေးဟာ ထောင်သို့ဧည့်တွေ့သွားလေသည်။သူကသွားချင်လို့တော့မဟုတ်ချေ တစ်ဖက်ကသူ့ကိုတွေ့ချင်သည်ဆိုကာ အတင်းတောင်းဆိုနေတာကြောင့်ဆိုပြီးဖြစ်သည်။

ရှကောဖေးက အလုံပိတ်အခန်းကခုံမှာခြေချိတ်ကာထိုင်နေပြီး ဖုန်းသုံးလို့နေသည်။သူ့ရဲ့နှုတ်ခမ်းပါးကပြုံးယောင်သမ်းနေတာ တစ်ဖက်ကလူငယ်လေးအား (ကိုယ်မင်းကိုလွမ်းနေပြီ)လို့ meaasgeလှမ်းကာပို့လိုက်လေသည်။

ထိုစဉ် တံခါးချပ်ပွင့်လာကာ ရှကောဖေးက ဝင်လာတဲ့လူကိုတစ်ချက်မော့ကြည့်ပြီး ဖုန်းဆက်သုံးလို့နေတယ်။ရှကျန်းဝေ့ရဲ့ရုပ်ဟာ အရင်ကထက်အိုစာလို့သွားပြီး အရင်က သန့်သန့်ပြန့်ပြန့်နဲ့ ခမ်းနားစွာနေထိုင်ခဲ့တဲ့လူက အခုတော့ထောင်အဝတ်အစားနဲ့စုတ်ပြတ်သတ်နေကာ မျက်နှာမှာလည်းအညိုအမဲတွေရှိနေပြီး ဒါဟာတစ်ယောက်ယောက်သူ့ကိုရိုက်နှက်ထားတာမှန်းသိသာသည်။

ရှကျန်းဝေ့ဟာ ခုံမှာမထိုင်ပဲ ရှကောဖေးကိုကြည့်လာသည်။ရှကောဖေးကသူ့ကို လျစ်လျူရှုထားတာ့မြင်တော့ လက်သီးစုတ်မိသွားကာ သူကအံကြိတ်မိသွားသည်။သို့ပေမယ့် သူက ရှကောဖေးရဲ့ဘေးနားရောက်လာကာ ဒူးထောက်ချလိုက်သည်။

ရှကောဖေးက ဖုန်းသုံးနေရင်း ရှကျန်းဝေ့ကိုမျက်စိဆွေကာကြည့်လာပြီး ဖုန်းကိုချကာပြောလိုက်တယ်။

"ဒါဘာသဘောလဲဗျ.."

"ကောဖေး...ငါကမင်းဦးလေးဖြစ်နေတုန်းဆိုတာသိမှာပါ..."

ရှကျန်းဝေ့စကားကြောင့် ရှကောဖေးက မတ်တပ်ထရပ်လိုက်တော့ ခုံက အနောက်သို့လှန်ကျသွားကာ ရှကောဖေးဟာ ဒူးထောက်နေတဲ့ ရှကျန်းဝေ့ကို စိုက်ကြည့်ရင်း အံကြိတ်ကာ...

"ဦးလေး?ဒီမှာ ရှကျန်းဝေ့ ခင်ဗျားကို ကျုပ်ဘယ်တုန်းကမှ ဦးလေးလို့မမြင်ခဲ့ဖူးဘူး ။ခင်ဗျားကြောင့် ကျုပ်မိဘနှစ်ပါးသေဆုံးခဲ့ရတာ အဲ့အချိန်တုန်းက ကျုပ်အသက်ကဘယ်လောက်များရှိသေးလို့လဲ!!လမ်းတောင်လျှောက်နိုင်သေးတာမဟုတ်ဘူး!!ခင်ဗျားသိလား ကျုပ်မိဘကိုခင်ဗျားလုပ်ကြံတာကို အစောကြီးထဲကကျုပ်သိနေပြီးပြီ!"

System Ah Li(Real Life)✔Tahanan ng mga kuwento. Tumuklas ngayon