Extra - 1

4.9K 606 28
                                    

Zawgyi

၁၀နှစ်ကြာသော်..

ရှကောဖေးနဲ့လီရုန်ဟာ ဒီနိုင်ငံတွင်လက်ထပ်လို့မရတာကြောင့် နိုင်ငံခြားတွင်သာလက်ထပ်လိုက်ကြသည်။ထိုမှာပဲနေထိုင်ပြီး ရှကောဖေးက သူ့အလုပ်တွေကို ထိုမှနေတဆင့်လုပ်ကာ တစ်ခါတလေ လျိုချင်းဟောင်နဲ့ပစ်ထားသည်။လျိုချင်းဟောင်ပြောဖူးခဲ့သလို အလုပ်တွေကို သူကပဲဒိုင်ခံလုပ်ပေးနေရသည်။

အခုဆို အမေရိကန်မှာနေထိုင်ကာ အိမ်ကလေးတစ်လုံးရယ် အိမ်ရဲ့အနောက်ဘက်မှာ ဥယျာဉ်လေးရှိပြီး ဖော်ရွေတဲ့အိမ်နီးနားချင်းတွေနဲ့ သူတို့နှစ်ဦးအေးချမ်းစွာနေထိုင်လေသည်။နောက်ပြီး သူတို့မှာအခုဆို ကလေးလေးနှစ်ယောက်လည်းမွေးစားထားသေးသည်။ထူးဆန်းတာကလေ အဲ့ကလေးနှစ်ယောက်လုံးက သူ့Systemလေးတွေနဲ့တူနေတာပဲဖြစ်သည်။

"အဟင့် ပါးပါး..!!!"

လီရုန်တစ်ယောက် သားငယ်လေးရဲ့အော်သံကြောင့် မီးဖိုချောင်မှနေပြေးထွက်လာခဲ့သည်။ကြည့်လိုက်တော့ သားငယ်လေးကကြမ်းပြင်ပေါ်ထိုင်ကာ အားပြဲကြီးနဲ့ငိုယိုလို့နေသည်။လီရုန်လည်း ချီလိုက်ပြီး မျက်ရည်လေးများငိုသုတ်ပေးလိုက်ရင်း မေးလိုက်သည်။

"အားလီ ဘာဖြစ်လို့လဲ?ပါးပါးကိုပြောလေ.."
ဟုတ်တယ် ဒီကလေးကိုသူအားလီလို့နာမည်ပေးခဲ့တယ်။ပထမတော့ ပေးပြီးမှ ခေါ်ရတာတမျိုးကြီးဖြစ်တာကြောင့် သူ့မှာမှားပြီးလားလို့တွေးမိဖူးပေမယ့် နောက်တော့ ကျင့်သားရသွားလာတာပါပဲ။ဒီကလေးလည်း အားလီနဲ့တအားကိုတူတာကြောင့် မသိရင် အားလီလေးများ ရောက်လာတလားမှတ်တယ်။

အားလီလေးက သူ့ပါးပါးလည်ပင်းကိုဖက်ကာ မျက်နှာကိုလည်ပင်းမှာအပ်လို့ လက်တစ်ဖက်က တနေရာကိုထိုးပြကာ ရှိုက်သံလေးနှင့်ပြောလာသည်။

"ဟင့် ဝမ်း..လီဝမ်း သားရဲ့အရုပ်ကိုလုယူသွားရယ်...!"

"ဝမ်းလေး...ထွက်လာခဲ့ပါဦး.."

လီဝမ်းဆိုသော ကလေးလေးကစင်အနောက်မှထွက်လာသည်။လက်ထဲမှာ နဂါးအရုပ်ကလေးကိုပိုက်လို့ပေါ့။လီရုန်က အားလီကိုချီထားရင်းထိုင်လိုက်ကာ ဝမ်းဆိုသော ကြောင်ဖြူလေးနဲ့တူတဲ့ လီဝမ်းကိုလက်ယပ်ကာခေါ်လိုက်သည်။လီဝမ်းကလေးက ရုပ်တည်ကလေးနဲ့အနားရောက်လာပြီး..

System Ah Li(Real Life)✔Where stories live. Discover now