INTRO

3.6K 363 15
                                    

( Unicode )

" ဒီနေ့ ဟင်းမချက်ချင်လို့ ဝယ်စားလိုက်တယ်အေးရော။ ဦးလေးကင် ထမင်းမစားရသေးရင် ကျွန်တော်နဲ့အတူတူလာစားလို့ရတယ်နော် "

စားပွဲပေါ်အစီအရီခင်းကျင်းထားတဲ့ အစားသောက်တချို့ကိုကြည့်ပြီး ဘတ်ခ်ဟျွန်းစိတ် ကျေနပ်စွာရေရွတ်လိုက်မိသည်။

လက်ကိုသေချာပြောင်အောင်ဆေးကြောပြီးနီးစပ်ရာခုံလေးကိုဆွဲကာ စားပွဲဝိုင်းမှာကျ ကျနနထိုင်လိုက်သည့်တိုင် ဦးလေးကင်က ဘတ်ခ်ဟျွန်းရှိရာကိုပင်မလာသေးပေ။

နေ့လယ်ထမင်းစားချိန်ရောက်နေတာကြောင့်ဘတ်ခ်ဟျွန်းတို့၏ဆိုင်မှာ ဝယ်သူနည်းပါးနေသလို ဆိုင်ကအကူဝန်ထမ်းမ,လေးတွေကလည်း အပြင်ထွက်ပြီးစားသောက်ကြသည်မို့ဆိုင်မှာ ဦးလေးကင်ရယ်၊ ဘတ်ခ်ဟျွန်းရယ်သာရှိနေ၏။

ပူပူနွေးနွေဖြစ်နေတဲ့ထမင်းဘူးကို ဖောက်ပြီး ကင်ချီဟင်းရည်လေးဆမ်းလိုက်သည်။အစာစားတိုင်းအမြဲဆောင်ထားလေ့ရှိသည့် ဇွန်းနဲ့သုံး၊လေးချက်မွှေယူပြီး ပါးစပ်ထဲထည့်လိုက်တဲ့အခါမှာတော့ ကင်ချီဟင်းရည်၏အစပ်အ ရသာပြင်းပြမှုကိုခံစားသိရှိလိုက်ရသည်။

" ဦးလေးကင် အလုပ်နားပြီး ကျွန်တော်နဲ့အတူလာစားပါဆို ဗျာ "

အော်သာအော်နေရသည်။ ဦးလေးကင်က ဘတ်ခ်ဟျွန်း၏ တစာစာဟစ်ကြွေးနေသောအ သံတို့အား လျစ်လျူရူထားပြီး သူစိတ်ချမ်း သာရာ အလုပ်ကိုသာအေးဆေးလုပ်ကိုင်နေ ၏။

ဘတ်ခ်ဟျွန်း ပါးစပ်ထဲသို့ပလုတ်ပလောင်းထည့်ကာဝါးရင်း ဦးလေးကင်ရှိရာကိုတစ်ချက်လှမ်းကြည့်လိုက်သည်။

မီးအိမ်ဝါလေးအောက်မှာ သည်းကြီးမည်းကြီး အလုပ်ကြိုးစားနေတဲ့ ဦးလေးကင်က လက်ထဲကကျောက်စီခြယ်ထားတဲ့လက် ကောက်လေးကို ပိုမိုတောက်ပလာအောင် အရောင်သွေးနေလေရဲ့။

ဘတ်ခ်ဟျွန်း ခေါင်းခါလိုက်သည်။ လက်ဝတ်ရတနာပစ္စည်းဆိုင်ဖွင့်ထားတဲ့ ဘတ်ခ်ဟျွန်းတို့လုပ်ငန်းမှာ အလုပ်ကိုဝီရိယထားပြီးကြိုးစားတဲ့သူဆိုလို့ ဦးလေးကင်တစ်ယောက်သာရှိပေသည်။

4077 [ COMPLEDED ]Where stories live. Discover now