(6)

1.6K 324 21
                                    

( Unicode )

အချုပ်ခန်းထဲအေးဆေးနားနေခွင့်ရသည့်အ ချိန်ဖြစ်သည်။ အိပ်ရာလိပ်ခင်းပြီးအိပ်နေသူရှိသလို ဟိုခြစ်၊ဒီခြစ်ဖြင့်ပန်းချီဆွဲနေသူများလည်းရှိနေသည်။

ဘတ်ခ်ဟျွန်းကတော့ ဒူးနှစ်ဖက်ပိုက်ကာထိုင်နေပြီး မျက်နှာချင်းဆိုင်မှာတော့ နံရံကိုမှီကာခြေထောက်နှစ်ချောင်းရှေ့ထုတ်ထားပြီးစာ အုပ်ဖတ်နေတဲ့ချန်းယောလ်ရှိသည်။

ငြိမ်ချက်သားကောင်းပြီးစာအုပ်ထဲစျာန်ဝင် နေပုံရတဲ့ ချန်းယောလ်ကိုမသိမသာခိုးကြည့်နေမိသည်။ မေးချင်တာလေးတွေရှိပေမယ့်ဘတ်ခ်ဟျွန်း သူ့ကိုမမေးရဲပါ။

ချန်းယောလ်မှာ ခက်ထန်တဲ့မျက်ဝန်းတွေနှင့်အတူ တည်တံ့တဲ့မျက်နှာအထားအသိုရှိပါသော်လည်း ထင်သလောက်ကြီး မဆိုးသွမ်းဘူးဆိုတာ ဘတ်ခ်ဟျွန်းသိသည်။

လူရှိန်အောင်ဖြဲခြောက်ထားသည့်အသွင်ကိုဖန်တီးယူထားလို့သာ ကြည့်လိုက်တိုင်းတင်း မာနေတဲ့မျက်နှာနှင့် အံကြိတ်ကာမျက်မှောင်ကျုံ့ထားတဲ့ပုံစံဖြစ်နေခဲ့တာ။ တကယ်တမ်းထိုကဲ့သို့မဟုတ်ဘူး။

နေ့လယ်ထမင်းစားဆောင်မှာတုန်းက ချန်းယောလ် ဘတ်ခ်ဟျွန်းအပေါ်နူးနူးညံ့ညံ့လေးဆက်ဆံသွားတာ ဘတ်ခ်ဟျွန်းမျက်မြင်ကိုယ်တွေ့ပဲလေ။

အပြစ်အနာဆာတချက်မရှိပြောင်ချောနေတဲ့မျက်နှာပြင်ပေါ်က စိမ်းဖန့်နေတဲ့မျက်ခုံးတန်းတွေနှင့်လိုက်ဖက်ညီစွာ နှုတ်ခမ်းသားလေးတွေကပါ နီမြန်းနေသေးသည့်အပြင်ခန္ဓာ ကိုယ်အချိုးအစားကပါ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ချန်းယောလ်၏ပုံစံက သမီးရှင်တိုင်းခေါင်းခေါက်ရွေးစရာမလိုလောက်အောင်ပြီးပြည့်စုံတဲ့ ယောက်ျားတယောက်ဖြစ်နေခဲ့၏။

ဒီလိုလူမျိုးတယောက် ထောင်ထဲကိုဘာအမူနဲ့ရောက်လာရသလဲဆိုတာ ဘတ်ခ်ဟျွန်းသိချင်နေမိသည်။

ဘတ်ခ်ဟျွန်းနည်းတူ မတရားစွပ်စွဲခံရ၍များလား။ ဒါမှမဟုတ် ဝမ်ဂျွန်ပြောသလိုသူများကိုအနိုင်ကျင့်ဖျက်ဆီးမှုနဲ့ ရောက်လာတာလား။

အတွေးတို့ ဇဝေဇဝါဖြစ်ကာ လွန်ဆွဲနေတုန်းမှာပဲ ချန်းယောလ်၏အကြည့်စူးစူးတွေနှင့်မျက်နှာချင်းဆိုင်မိသွားလို့ မျက်လွှာချရင်းမသိချင်ယောင်ဆောင်ခဲ့ရသူက ဘတ််ခ်ဟျွန်းဖြစ်နေခဲ့၏။

4077 [ COMPLEDED ]Where stories live. Discover now