(7)

1.6K 340 48
                                    

( Unicode )

" ရူးတိုးတိုး "

သူတို့ဆရာကြီး၏လက်မောင်းပေါ်နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကောင်လေး၏ခါးကိုတင်း တင်းကြပ်ကြပ်ပွေ့ဖက်ထားတဲ့ မြင်ကွင်းကြောင့်သုံးယောက်သား အသံမထွက်ဖို့တိုင် ပင်နေကြသည်။

အစောကြီးနှိုးလို့မျက်နှာသစ်တာတောင်ရေ ကျသံကြားပြီး သူတို့ဆရာကြီးနှိုးမှာစိုးလို့အ ရာရာသတိထားပြီးကိုင်တွယ်နေရသည်။

-ဂလုန်း။

အသံမထွက်အောင်သတိထားပါတယ်ဆိုမှအ ဝတ်လျှော်ဇလုံကြီးကိုတက်နင်းဖြစ်အောင်တက်နင်းမိသည်ကြောင့် အိပ်မောကျနေတဲ့ဆရာကြီးကလှုပ်လှုပ်ရှားရှားဖြစ်လာသည်။

" ဘာလို့ ဆူညံနေတာလဲ "

သူ၏ကြည်နူးစရာကောင်းလှသောအိပ်မက်ကိုနှောက်ယှက်လိုက်တဲ့အသံကြောင့်ချန်းယောလ်မျက်လုံးမဖွင့်ချင်ဘဲ ဖွင့်လိုက်ရ၏။

" ဟင် "

ဆန့်ထုတ်ထားတဲ့လက်မောင်းတဖက်ပေါ်ခေါင်းအုံးကာ မလှုပ်မယှက်အိပ်ပျော်နေတဲ့ ဘတ်ခ်ဟျွန်းကြောင့် ချန်းယောလ်ညကအ ဖြစ်အပျက်ကိုပြန်စဥ်းစားလိုက်သည်။

ဒဏ်ရာကြောင့် အိပ်ပျော်ဖို့ခက်ခဲနေတဲ့ချန်းယောလ်ဟာ ဘတ်ခ်ဟျွန်းပေါင်ပေါ်အိပ်လိုက်တယ်။ ပြီးတော့ ဘာဆက်ဖြစ်သလဲမသိပေမယ့် အိပ်မပျော်ခင်ဆက်ကြားလေးမှာတော့ ဘတ်ခ်ဟျွန်းလက်တွေကချန်းယောလ်ရဲ့ဆံပင်တွေကို ညင်သာစွာပွတ်သပ်ပေးနေခဲ့တယ်။

တွေးရင်း ချန်းယောလ်ပြုံးလိုက်မိသည်။ဤသည်ကို သွားတိုက်နေတဲ့သုံးယောက်ကမှ်ိုရတဲ့မျက်နှာဖြီးကြီးတွေဖြင့် မျက်ခုံးတွေဆက် တိုက်ပင့်ပြ၏။

" အသံထပ်ကျယ်လို့ကတော့ မင်းတို့အကုန် လုံးကိုသတ်ပြစ်မယ် "

ချန်းယောလ်၏ ကျုံးဝါးသံတိုးတိုးလေးကိုထိုသုံးယောက်က မလုပ်ရဲပါဘူးဆိုသည့်အ ဓိပ္ပါယ်ဖြင့်ငြိမ်ကုတ်သွားကြသည်။

ထို့နောက် လက်မောင်းပေါ်အိပ်နေတဲ့ကောင်လေး၏ဝင်းနှစ်အိစက်နေတဲ့မျက်နှာလေးကိုငေးကြည့်မိသည်။

4077 [ COMPLEDED ]Tahanan ng mga kuwento. Tumuklas ngayon