(9)

1.5K 288 22
                                    

( Unicode )

" ချန်းယောလ် .. ဘာဖြစ်နေတာလဲ၊ ငါနဲ့လည်း ထမင်းအတူတူ မစားဘူး "

မျက်နှာချင်းဆိုင် ဒဲ့တိုးတွေ့နေလည်းဘတ်ခ်ဟျွန်းကို တချက်လေးမှပင်အဖတ်မလုပ်တဲ့ချန်းယောလ်ကြောင့် စိတ်တိုရပြန်သည်။

သူစားနေတဲ့စားပွဲမှာဝင်ထိုင်တော့လည်းချန်းယောလ်က အနားကပ်မခံဘဲ ဘေးကိုသာတိုးရွှေ့သွားသည်။ စိတ်ဆိုးနေတယ်ဆိုလည်းစိတ်ဆိုးနေပါတယ် ပွင့်ပွင့်လင်းလင်းပြောပေါ့၊ အခုသူ့ပုံစံက ဘာဖြစ်လို့ ဘာဖြစ်နေမှန်းကိုမသိဘူး။

မြင်လိုက်တိုင်း မှုန်ယိုပြီးအလိုမကျဖြစ်နေတဲ့မျက်နှာနှင့် ဘတ်ခ်ဟျွန်းကိုမျက်မှောင်ကျုံ့ကာကြည့်တတ်သည်။

အခုလည်း ဘတ်ခ်ဟျွန်းနှင့်ခြေလှမ်းငါးလှမ်းအကွာမှာရှိတဲ့စားပွဲဝိုင်းမှာအေးဆေးထိုင်စားနေလေ၏။ မိန်းကလေးကျလို့စိတ်ကောက်နေနိုင်လိုက်တာများ။ နေပါစေပေါ့။ သူမခေါ်လည်း ခေါ်တဲ့သူဆီပဲသွားနေမယ်။

ပန်းကန်ထဲက ကြက်အူချောင်းကိုတူနှင့်ထိုး ဆွရင်း မကျေနပ်သံတွေတတွတ်တွတ်ရွတ်ကာ ဟိုဖက်ဝိုင်းက ချန်းယောလ်ကိုစက္ကန့်တိုင်းငေးကြည့်နေမိသည်။

ဤသည်ကို ချန်းယောလ်ကောင်းစွာမြင်နေရ ၏။ သိသိကြီးနဲ့တမင်ရှောင်လွှဲနေသောချန်းယောလ်အပေါ် ဘတ်ခ်ဟျွန်းအတော်လေးစိတ်ခုသွားလောက်ရောပေါ့။

မကြာခင်ခွဲခွါရတော့မယ့် လူနှစ်ယောက်အ တွက် သွေးအေးအေးနှင့်နှုတ်ဆက်လိုက်ခြင်းက နှစ်ဦးနှစ်ဖက်အတွက် အသင့်တော်ဆုံးနည်းလမ်းဟု ချန်းယောလ်တွေး၍သူစိမ်းဆန်နေမိခြင်းဖြစ်သည်။

ဘတ်ခ်ဟျွန်းရဲ့မတရားစွပ်စွဲခံရတဲ့အမှုနှင့်ပတ်သက်ပြီး ဂျုံအင်ကိုလည်းအကူအညီတောင်းထားတာဆိုတော့ ဘာပဲဖြစ်ဖြစ်အ ဆင်ပြေသွားမှာပါ။

ဂျုံအင်ကလည်း ပေါ့သေးသေးရှေ့နေတယောက်မှမဟုတ်တာ၊ သူ့အတိုင်းတာနှင့်သူနေရာတခုရဲ့ထိပ်ဆုံးမှာရှိနေတာဆိုတော့ဘတ်ခ်ဟျွန်း အမှုမှန်ပေါ်ပေါက်ရေးအတွက်သူအစွမ်းကုန်ကြိုးစားပေးမှာဆိုတာ ချန်းယောလ်ယုံကြည်နေသည်။

4077 [ COMPLEDED ]Where stories live. Discover now