( Ending )

2.5K 382 80
                                    

( Unicode )

" ဗျာ .. လူသတ်မှုဟုတ်လား "

မျက်လုံးနှစ်ဖက်ပြာဝေသွားပြီး နားကြားမှားတာလားဆိုတဲ့စိတ်နှင့် ထပ်မေးမိသည်ကိုဂျုံအင်ကပြုံးကာ လှည့်ကြည့်လာပြီး။

" အံ့သြသွားတယ်မလား "

" မဖြစ်နိုင်ဘူး၊ ချန်းယောလ်က လူသတ်မဲ့သူ မဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ် "

" မင်းယုံသလို ငါလည်းယုံတယ် "

" Hyung ဆိုလိုချင်တာက "

လမ်းမ,ပေါ်အရှိန်နည်းနည်းဖြင့်မောင်းနှင်နေတဲ့ကားလေးက များမကြာမှီ ဘတ်ခ်ဟျွန်းနေတဲ့ အိမ်ရဲ့လမ်းအချိုးဖက်ကိုရောက်တော့မည်။

ဘတ်ခ်ဟျွန်းမေးတာကိုချက်ချင်းပြန်ဖြေသေးဘဲ ဂျုံအင်က ကားကိုသာဂရုတစိုက်မောင်းရင်း လမ်းထဲကိုချိုးဝင်လိုက်သည်။စျေးဆိုင်တွေနှင့် လူစည်ကားနေတာကြောင့်ကားဝင်တဲ့အခါသတိထားရသည်လေ။

လမ်းထိပ်ကခေါက်ဆွဲအေးဆိုင်လေးကတော့ဘတ်ခ်ဟျွန်းရဲ့အကြိုက်တကာ့အကြိုက်ဆုံးထဲက ဆိုင်လေးတဆိုင်ပေါ့။ ဟင်းချက်ရတာပျင်းတိုင်း နေ့လယ်စာ၊ညစာကို ခေါက်ဆွဲနဲ့ပဲဖြစ်သလိုဖြတ်သန်းခဲ့ရတာလေးတွေတွေးမိပြန်တော့လည်း ကြည်နူးရသား။

ကြည့်နေရင်းတောင် စားချင်လာပြီ၊ညကျရင်သွားစားဦးမှပဲ။

ဂျုံအင်ကားစက်ကိုသပ်လိုက်ရင်း ဘေးမှာရှိနေတဲ့ ဘတ်ခ်ဟျွန်းဖက်ကိုလှည့်လိုက်သည်။

" ခုနကအကြောင်း ပြန်ပြောကြတာပေါ့ "

တကယ်တမ်း နားထောင်ရတော့မယ်ဆိုတော့ရင်တဒိန်းဒိန်းနဲ့။ ချန်းယောလ်က မဟုတ်တာမလုပ်လောက်ဘူးဆိုပြီး မသိစိတ်ရော၊သိ စိတ်ကပါ ယုံကြည်ပေးနေမိ၏။

" လူသတ်မှုဆိုပြီး ထောင်ထဲရောက်သွားတဲ့အချိန်ငါက ဆိုးလ်မှာရှိမနေခဲ့ဘူး။ ယုံတောင်မယုံနိုင်ဘူး ... သူ့သတင်းကြားလို့ ပြန်ရောက်ရောက်ချင်း ငါသူ့ကိုသွားတွေ့ခဲ့ပါသေးတယ်ဒါပေမယ့် ဒီကောင်က ဘယ်ဧည့်သည်ကိုမှလက်ခံစကားပြောခဲ့ခြင်းမရှိဘူး "

" မှားယွင်းပြီး စွပ်စွဲခံရတာလား "

" ဟုတ်လောက်မယ်၊ ပြဿနာကတော့သူ့ရဲ့မိထွေးကနေ စတာပဲနေမှာ .. အခုလိုဖြစ်သွားတာလည်း အကြောင်းတစုံတခုရှိနေမယ်ဆိုတာသိလို့ ငါစုံစမ်းခဲ့တယ် .. အခင်းဖြစ်ပွါးတဲ့နေရာမှာရှိတဲ့ CCTV ကအစ ငါမရရအောင်ရှာခဲ့တာ .. "

4077 [ COMPLEDED ]Where stories live. Discover now