(3)

1.9K 336 70
                                    

( Unicode )

နေ့လယ်စာ ထမင်းစားချိန်ပြီးတာနှင့်ဘေးပတ်ပတ်လည် သံဇကာချပ်များကာရံထားတဲ့နေရာလေးမှာ နားခွင့်ရသည်။

ဘတ်ခ်ဟျွန်းထက် စီနီယာကျတဲ့ထောင်သားတွေကတော့ ဆော့ကစားရန်ပေးထားတဲ့ဘောလုံးတွေနှင့်ပျော်ရွှင်နေကြ၏။ထိုမြင် ကွင်းကို ခပ်လှမ်းလှမ်းကနေထိုင်ပြီး ဘတ်ခ်ဟျွန်းစိတ်ပျက်လက်ပျက်နှင့်ကြည့်နေမိ၏။

နေ့လယ်စာစားပြီးတိုင်း တရေးတမောအိပ်တတ်တဲ့ ဘတ်ခ်ဟျွန်းဟာ ထုံးစံအတိုင်းထိုင်နေရင်းပင်ငိုက်မြည်းနေပြီဖြစ်သည်။မျက်လုံးနှစ်ဖက်ကိုမှေးဆင်းမယ်ကြံတိုင်း ဆူညံလာတဲ့အသံတွေကြောင့် ဘတ်ခ်ဟျွန်း၏ဘဝမှာကျီးလန့်စာစားနေရသလိုပါပဲ။

ဒါတောင် ဆေးမှူးပေးတဲ့အကိုက်အခဲပျောက်ဆေးမသောက်ရသေးဘူး။ ညရောက်တော့မှသောက်ပြီးအိပ်တော့မည်လို့တွေးရင်း မိမိ၏ ဒဏ်ရာကိုကြိတ်မှိတ်သည်းခံနေရ၏။

" အိပ်ချင်လိုက်တာ "

ညည်းညူရင်း မှီထ်ိုင်နေတဲ့သေတ္တာလေးမှာခေါင်းမှီထားလိုက်သည်။ လေတဖြူးဖြူးနဲ့မို့ ဖျာတချပ်ခင်းပြီး အိပ်လိုက်ရရင်ဘယ် လောက်တောင် ဇိမ်ရှိလိုက်လေမလဲ။

" 4077 !! အသစ်လေး၊ ဟုတ်တယ်နော် "

ထိုစဥ် ဘတ်ခ်ဟျွန်းအနားသို့ လူတဦးရောက် လာခဲ့သည်။ လေးထောင့်ဆန်တဲ့ မျက်မှန်ကိုနှာရိုးပေါ်တင်ရင်း လက်နှစ်ဖက်ကိုပိုက်ကာဘတ်ခ်ဟျွန်းအနားဖြည်းဖြည်းချင်းလာနေ သည်။

အနားရောက်တော့ ဘတ်ခ်ဟျွန်းဘေးဝင်ထိုင်ပြီး လက်ဆွဲနှုတ်ဆက်ရန်သူ၏ လက်တစ်ဖက်ကို ဘတ်ခ်ဟျွန်းရှေ့ထုတ်သည်။

" တွေ့ရတာဝမ်းသာပါတယ်၊ ငါက ဝမ်ဂျွန် "

" ငါက ဘတ်ခ်ဟျွန်း "

ထိုလက်ကိုကိုင်ပြီး နှုတ်ဆက်ပြီးသည်ထိတိုင် အောင် ဝမ်ဂျွန်ဆိုသည့်သူက ဘတ်ခ်ဟျွန်းလက်ကိုမလွတ်ဘဲ အားနှင့်ဆုတ်ညစ်ထား ၏။

" အ့ အ့ လက်ကိုလွှတ်ပေးဦး "

တဖြည်းဖြည်းနှင့် နာလာပြီမို့ ဘတ်ခ်ဟျွန်းမျက်နှာလေးရူံ့မဲ့ကာ ဝမ်ဂျွန်၏လက်ကိုဆွဲဖယ်ရတော့သည်။

4077 [ COMPLEDED ]Where stories live. Discover now