(1)

1.9K 331 71
                                    

( Unicode )

" ဒီမှာဗျ၊ ခင်ဗျားတို့ လူမှားဖမ်းလာပြီနော်၊ ကျွန်တော်က မူးယစ်ဆေးသုံးဖို့မပြောနဲ့ ဆေး လိပ်နံ့တောင် ခံနိုင်တဲ့သူမဟုတ်ဘူးဗျ "

သံတိုင်ကြားက ဟစ်ကြွေးသံတွေကြောင့်နီးစပ်ရာစားပွဲမှာ အလုပ်ကိုယ်စီလုပ်နေကြတဲ့ ရဲအရာရှိတချို့နားဒုက္ခဆင်းရဲခြင်းတွေ အပြည့်အဝခံစားနေရသည်။

ရောက်ကတည်းက မနာတမ်းအော်ဟစ်ပြီးနားပူနားဆာလုပ်နေတဲ့ အသံကိုရပ်တန့်ပါတော့ဟုပင် ရဲတွေကတောင် ဒူးထောက်တောင်းပန်ရမည့်အဆင့်ရောက်အောင် ယာ ယီအချုပ်ခန်းထဲက ဘတ်ခ်ဟျွန်းလေးလုပ်ဆောင်နိုင်လွန်းသည်။

" ဗြောင်ဘတ်ခ်ဟျွန်း၊ ကျေးဇူးပြုပြီး ပါးစပ်ပိတ်ပေးလို့မရဘူးလား "

ဂျိုဆောင်၏စကားကြောင့် ဘတ်ခ်ဟျွန်းထံကနေ ' ဟွန့် ' ခနဲမြည်သော မကျေနပ်သံ လေးထွက်ပေါ်လာပြီး ကြမ်းခင်းမှာဆောင့်ကြောင့်ထိုင်နေသည်။

" ကျွန်တော့်အစ်ကိုကြီးကို ဖုန်းဆက်ပေးပါ။ အခုကိစ္စက အထင်မှားနေတာအသိသာကြီးကို အပြစ်မဲ့တဲ့လူတစ်ယောက်က််ို ဖမ်းချုပ်ထားတာကြီးက  မဖြစ်သင့်ဘူးနော် "

ဂျိုဆောင်ခါးထောက်ရင်း သူ့အနားကိုသွားလိုက်သည်။

" ဟိတ်ကောင်လေး၊ စကားမများစမ်းနဲ့။အ ပြစ်မရှိဘဲဖမ်းတယ်ဆိုတာ ငါ့ရာဇဝင်မှာမရှိခဲ့ဖူးဘူး။ အဲ့တာ မင်းသိရဲ့လား "

" မသိဘူး၊ သိလည်းမသိချင်ဘူး။ ကျွန်တော့် အစ်ကိုကို ဖုန်းဆက်ပေးဗျာ "

သံတိုင်ကိုလက်ဖဝါးနှင့် တဗုန်းဗုန်းထုရိုက်နေသည်မို့ ဂျိုဆောင် မိမိ၏နားကိုလက်နှစ်ဖက်နှင့်ပိတ်ရင်း မျက်မှောင်ခပ်တင်းတင်းကျုံ့ထားမိသည်။

" ဗြောင်ဘတ်ခ်ဟျွန်း၊ မင်းကိုလက်ထိပ်ခတ်ထားမှ ဖြစ်တော့မယ်နဲ့တူတယ် "

လက်ထိပ်ဆိုသံကြောင့် တိခနဲငြိမ်ကျသွားတဲ့ ကောင်လေးက ဆူပူသောင်းကျန်းခဲ့တာသူမဟုတ်တော့သည့်အတိုင်း မျက်နှာငယ်လေးဖြစ်သွားရှာ၏။

" အဲ့ဆို ကျွန်တော်တိတ်တိတ်လေးနေပေးမယ်လေနော်။ အစ်ကိုကြီးက်ိုဖုန်းဆက်ပေးပြီး ကျွန်တော့်ကိုလာထုတ်ပေးပါလို့ပြောပေးပါလား ဟင် "

4077 [ COMPLEDED ]Where stories live. Discover now