H̆̈ŭ̈ğ̈ M̆̈ĕ̈

837 98 1
                                    

Love will remember in April စာအုပ်ထဲမှာ
ပါဝင်ဖြစ်ခဲ့တဲ့ fic လေးပါ၊
အားလုံးပဲ စိတ်ပင်ပန်းပြေလိုပြေငြား
ဖတ်လို့ရအောင်
တင်ပေးလိုက်ပါတယ်ဗျာ

အားတင်းထားကြရအောင်နော်

_________________________

Hug Me ^^^

မီးအလင်းဖျဖျအောက်မှာ
ထိုင်နေသည့် လူတစ်ယောက်ရှိသည်။

ထိုသူက စိုစွတ်နေသည့် မျက်ဝန်းတွေကို ပုတ်ခတ်ပစ်လို့
သူထိုင်နေသော ထိုင်ခုံကို အရှေ့သို့ ဆွဲကာ
အနည်းငယ် နေရာရွှေ့လိုက်သည်။

လက်ကို မြှောက်ယူလိုက်သည့်အခါ
သူ့လက် ဘယ်ဘက်နေရာမှာ နေရာယူထားသည့်
အရာတစ်ခုသည် လက်ကနဲ ဖြစ်သွားသည်။

သူသည် အခြားလက်တစ်စုံကို  ဆုပ်ကိုင်လိုက်ပြန်သည်။
ထိုလက်သည် အိပ်ယာပေါ်မှာ လှဲလျောင်းနေသူ၏
လက်ဖြစ်သည်။

ထိုသူ၏ လက်ချောင်းတွင်လည်း
သူနှင့်ဆင်တူ လက်စွပ်တစ်ကွင်း ရှိနေပြန်၏။

"ကိုယ့်ဆီ..ပြန်မလာသေးဘူးလား Han..."

တိုးလျပေမယ့် သူ့အသံတွင် အက်ကွဲ နာကျင်မှုတွေ
ရောယှက်နေသည်။

လှဲလျောင်းသူသည် ဆေးပညာအထောက်အကူကြောင့်
အသက်မှန်မှန်ရှူ နေသော်ငြား
အနည်းငယ်မျှပင် လှုပ်ရှားမလာခဲ့ပါ။

ဒါဟာ တစ်လနီးပါးလုံး အချိန်ကာလအတွင်းဖြစ်၏။

ထိုင်နေသောသူသည် သူ့စိတ်တွေတည်ငြိမ်သွားအောင်
သက်ပြင်းရှိုက်လိုက်သည်။

အဲ့ဒီ့နောက်မှာတော့ ကိုယ်ကို ညွတ်လို့
လှဲနေသူ၏ လက်ဖမိုးထက်တွင်
ပါးပြင်အပ်ချလိုက်လေတော့သည်။

ထိုင်နေသူ၏ အမည်သည် Sehun ဖြစ်ပြီး
အိပ်ယာထက် လှဲစက် မေ့မျောနေသူ၏ အမည်သည်ကား
Luhan ဖြစ်လေသည်။

Sehun သည် Luhan ၏ စိတ်အခြေအနေအားလုံးကို
လက်ခံနိုင်သူဖြစ်ပြီး လိုအပ်ချက်အားလုံးကို
ဖြည့်ဆည်းပေးသူလည်းဖြစ်သည်။

ထို့ကြောင့် ဤတစ်ကြိမ်တွင်လည်း
Sehun သည် Luhan စိတ်ဆိုးမည့် အရာတစ်ခုခုကို
လုပ်မိထားလေသေးသလားဟု တွေးယူနေရသည်။

Hunhan_one short collection Donde viven las historias. Descúbrelo ahora