Magic Of Love

643 77 7
                                    

(Magic of Love ဆိုတဲ့
တရုတ်သီချင်းလေးနားထောင်ရင်း
ဖတ်ကြည့်ကြစေချင်ပါတယ်TT)

Magic Of Love

"ဒီတစ်ယောက်ကရော ဘာတဲ့လဲ?"

ခုံဝိုင်းမှာ လာပြန်ထိုင်သည့် Shixun က
အဝါနုရောင်စာအိတ်တခုကို မြှောက်ပြလေသည်။

"ပြစမ်း။"

လှစ်ကနဲ ဆွဲလုသွားသော Adam လက်ထဲ
စာအိတ်ပါသွားပေမယ့် Shixun မနှမျောမိ။

"အဟမ်း....
ရုပ်ကလေးလှသလို လက်ရေးလည်းလှသားပဲကွ။"

ခဏအကြာတွင် Adam က ထိုစာလွှာများထက်က
ချစ်စကားများကို နူးညံ့ညင်သာသော အသံဖြင့်
ဖတ်ပြလိမ့်မည်။

Shixun ကမူ ဆော့လက်စ ဂိမ်းထဲမှာပင်
စိတ်နှစ်ထားလျက် ထိုစာများကို လျစ်လျူရှုနေလိမ့်မည်။

ခုနက ယောက်ျားလေးအဆောင်အထိ
စာလွှာလာပေးသွားသော မိန်းကလေးမှာလည်း
Shixun ၏ ပြတ်သားသော ငြင်းပယ်မှုကို
သေချာပေါက် ပြန်ကြားရလိမ့်မည်။

ယခုတောင် အဆောင်ထိလာရသူကို အားနာပြီး
စာယူထားလိုက်တာဖြစ်သည်။

ထိုအခြင်းအရာသည် မြေကြီးလက်ခတ်၍ မလွဲသကဲ့သို့
မှန်ကန်နိုင်မည့် ဖြစ်ရပ်ပင်။

"ကျောင်းမှာ နာမည်ကြီးနေတယ် ကြားကြလား။
Wu Shixun က အရမ်းကို ရက်စက်တဲ့
အသည်းစားဘီလူးတဲ့လေ။"

"သူ့ကို လိုက်တဲ့ မိန်းကလေးတိုင်း အသည်းကွဲရတာပဲတဲ့။"

"နေပါဦး....ရှိပါသေးတယ်။
ဒီလိုယောက်ျားမျိုးက ရုပ်ချောလည်း သေချာပေါက်
ရှောင်ရမယ့်အထဲ ပါတယ်တဲ့။"

Shixun ပင် လျစ်လျူရှုထားရသော အကြောင်းအရာ
အတင်းအဖျင်းများအား ဘော်ဒါတစ်စုက
အနားတွင်ထိုင်၍ ပြောဆို လှောင်ပြောင်နေကြသည်။

Shixun က Bubble Tea ကို တမြုံ့မြုံ့သောက်နေရင်း
သူတို့ပြောချင်ရာ ပြောဖို့ လွှတ်ထားပေးလိုက်သည်။

"ဘာဖြစ်နေကြတာလဲ။"

ကော်ဖီခွက်တခု ကိုင်လျက် အနားရောက်လာသော
ကျောင်းသူ တစ်ဦး၊
သူမ အမည်က Cathy....
Shixun ကို သဘောကျလို့ ချဉ်းကပ်လာရင်း
Shixun တို့ squad ထဲရောက်လာပြီး
အဆင့်မတက်ရသောသူ။

Hunhan_one short collection Onde histórias criam vida. Descubra agora