"ဟင်း....uni နောက်ဆုံးနှစ်တောင်ရောက်နေပြီ.
အခုထိ ရည်းစားလည်း မရသေးဘူး။"ဘေးက သူငယ်ချင်းမရဲ့ ညည်းတွားမှုကို
Luhan အသံထွက်သည်အထိ ရယ်မောကာ
အားပေးလိုက်တယ်။"သူများတွေကို ကြည့်လိုက်စမ်း...
အတွဲတွေ အတွဲတွေ...."လျှောက်လမ်းတစ်လျှောက်က စုံတွဲတွေက
တွဲချိတ်ထားတဲ့လက်တွေကို ခါရမ်းရင်း ဟန်ပါပါ
လျှောက်နေကြ၏။သူတို့ထိုင်နေတဲ့ သစ်သားခုံတန်းလိုနေရာတွေမှာဆိုရင်
အသီးသီး အကြင်နာခြွေလျက်။စုပ်ယူနေတဲ့ ရေခဲချောင်းပင် ခါးသက်လာသလို။
Oh Hana လို ထုတ်မပြောပေမယ့်
ရင်ထဲက အထီးကျန်မှုကိုတော့ Luhan လှိုက်လှဲစွာ
ခံစားနေရ၏။ကိုယ်အားငယ်ချိန်တိုင်း အတူရှိပေးမယ့်
ကိုယ်နဲ့အတူ ပျော်စရာလေးတွေဖန်တီးပေးမယ့်
ရည်းစားတစ်ယောက်လောက်တော့ လိုချင်မိသား။သူငယ်ချင်းလေးတစ်ယောက်ရှိပေမယ့် ရည်းစားလိုတော့
စည်းကျော်ဘောင်ကျော် နွေးထွေးပေးနိုင်မှာ
မဟုတ်ဘူးလေ။"Luhan..."
"ဘာလဲ...."
"ငါ ဒီတစ်သက် ဘဲရပါ့မလား...."
"ဟဟ....တစ်ကိုယ်တည်းနေပေါ့...."
"ငါတို့ပဲ တွဲလိုက်ကြမလား...."
Luhan တိတ်ဆိတ်သွားတယ်။
ပြီးတော့ Hana ကို တစ်ချက်ကြည့်လိုက်တော့
သူမက မျက်တောင် ပုတ်ခတ်ပုတ်ခတ်။"ငါတို့ ဖြစ်နိုင်မယ်ထင်လား?"
"ရွံစရာတွေ မတွေးကြရအောင်။"
Luhan တစ်ခွန်းတည်းပိတ်ပြောလိုက်တဲ့နောက်
Hana က သက်ပြင်းရှည် တစ်ချက်ချတယ်။"ဘဲရှာပေးပါလား...Luhan လေးရယ်။"
Luhan ပခုံးတစ်ဖက်ပေါ် Hana ခေါင်းက ဘုတ်ကနဲ
ပြုတ်ကျလာတယ်။Luhan သည်လည်း ရေခဲချောင်းအထုပ်သစ်တစ်ခုကို
ကိုက်ဖောက်လိုက်ရင်း အဝေးတစ်နေရာကိုပဲ
ငေးနေလိုက်တော့တယ်။သြော်....အထီးကျန်သလိုပါပဲလား.....
_________________________