Sweet Heart

423 58 4
                                    

အလုပ်ကြိုးစားပြီး အနစ်နာခံတတ်တဲ့ ရုံးဝန်ထမ်းလေး
Luhan ရဲ့ ရုံးဆင်းချိန်က မကြာခဏ
နောက်ကျတတ်တယ်။

ဒီနေ့မှာလည်း အဖွဲ့မှူးခိုင်းထားသလို
အချက်အလက်တွေ စစ်ဆေးနေရတာနဲ့ပဲ
နောက်ကျပြန်ရော။

"Luhan ....တာဝန်ကျေလိုက်ပါဦး။"

"ကောင်းကောင်းပြန်ကြနော်။"

နှုတ်ဆက်ထွက်ခွာသွားတဲ့အသံတွေရဲ့အဆုံးမှာတော့
Luhan ထိုင်နေတဲ့ စားပွဲအပေါ်က မီးလုံးတစ်လုံးရဲ့
အလင်းရောင်ရယ် သူ့အရှေ့က computer ဆီမှ
မီးရောင်ရယ်ကပဲ သူ့ကို အဖော်ပြုပေးနေတော့တယ်။

အလုပ်ထဲ အာရုံစိုက်နေရင်း ဖုန်းထဲ စာတိုဝင်လာတဲ့အခါမှ
သူခါးကြောဆန့်ဖြစ်တယ်။

[Senior Lee : ခဏအပြင်ထွက်ခဲ့ပါလား...]

အလုပ်ဆင်းသွားပြီဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်ဆီကမလို့
Luhan ဖုန်းယူပြီး ရုံးခန်းထဲက ထွက်လာလိုက်တယ်။

မှန်တံခါးကို ဖြတ်သွားလိုက်တော့ ကုပ်ရှည်တစ်ထည်ဝတ်ထားတဲ့ Senior ရဲ့ ကျောပြင်ကို မြင်ရတယ်။

"စီနီယာ...."

လှည့်ကြည့်ပြုံးပြလာသူက Luhan ဆီကို ပိုတိုးလာတယ်။

"အဖွဲ့မှူးက နည်းနည်း ပညာပြတယ်မလား...."

"အင်း... အဲ့လိုပြောရမလားပဲ..."

Luhan ရယ်သွေးသမ်းပြီးသာ တုံ့ပြန်လိုက်တယ်။
Luhan က အခုမှ အစမ်းခန့်ကာလပဲရှိသေးတာဆိုတော့
ဒီလို စေ့စေ့ပေါက်ပေါက် ခိုင်းခံရတာ၊စစ်ဆေးခံရတာက
အထူးအဆန်းကြီးတော့ မဟုတ်ပါဘူးလေ။

"ဒါနဲ့ စီနီယာ ဘာကိစ္စရှိလို့လဲဟင်?"

စီနီယာက ခေါင်းငုံ့ပြုံးလိုက်ပြီး Luhan ဆီကို
အိတ်တစ်ခု ကမ်းပေးလာတယ်။

"Luhan ဗိုက်ဆာနေမယ်ထင်လို့....
ကိုယ်လမ်းကြုံဝယ်လာတာ။"

"အာ....ကျေးဇူးတင်ပါတယ်..
ဒါပေမယ့် နောက်ဆို ဒီလို အလုပ်ရှုပ်မခံပါနဲ့နော်။
အားနာလို့ပါ။"

Luhan က မုန့်ထုပ်ကို လက်ခံယူလိုက်ရင်း
တစ်ပါတည်းပါ ငြင်းဆိုလိုက်တယ်။
စီနီယာရဲ့ စေတနာတွေ မေတ္တာတွေ ပိုလျှံနေတာကို
သတိပြုမိသည့်နောက်တော့ Luhan က ပုံမှန်အတိုင်းပဲ
ဆက်ဆံချင်၏။

Hunhan_one short collection حيث تعيش القصص. اكتشف الآن