We Found 🄻🄾🅅🄴

1.9K 210 1
                                    

"အဟား  စားလို့ကောင်းလိုက်​တာ။"

ခေါက်​ဆွဲဖတ်​ အထွေးလိုက်​ကို တူနဲ့ ယူပြီး
ပါးစပ်​ထဲ အငမ်းမရ ထိုးသွပ်​နေတဲ့သူကို
်ကြည့်​နေမိသည်​။

အရည်​တွေကို ပန်းကန်​လိုက်​ စောင်းမော့နေရင်းမှ
သူကြည့်​နေတာသိပြီး သီးသလိုတောင်
ဖြစ်​သွားလေသေးရဲ့။

"အဟွတ်​....ဟွတ်​။
ဦး Sehun က ဘာလို့ကြည့်​နေတာလဲ။
စားချင်​လို့လား၊ခုနကတော့ မပြောဘူး။"

ပေနေတဲ့ နှုတ်​ခမ်းတွေကို
လက်​နဲ့ပွတ်​သုတ်​ဆွဲနေတဲ့ Luhanကို စိတ်​ပျက်​စွာ
ကြည့်​နေမိသည်​။

"Luhan "

စကားစမည်​ဟန်​ပြင်​လိုက်​သည်​နှင့်​။

"အာ...........
ဦး Sehun လည်း စားချင်​လို့လား၊
ထပ်​ပြုတ်​ပေးမယ်​နော်​။"

အရူးကွက်​နင်းကာ ထသွားပြန်​လေသည်​။

_____________________________________

"ဦး Sehun
ဆေးလိပ်​တွေ ပြန်​သောက်​နေပြန်​ပြီ ကြည့်​။
ကျန်းမာရေးအတွက်​ မကောင်းဘူးလေ။"

ဆေးလိပ်​ငွေ့တွေ မွှန်​ထူနေသော
သူ့နားမှာ ငုတ်​တုတ်​လာထိုင်​ကာ
ဆရာလုပ်​ပြန်​ပါသည်​။

မင်းမသိပါဘူး။
ဆေးလိပ်​နဲ့ ကုမှ ပျောက်​မယ့်
ငါ့ဒဏ်​ရာတွေ အကြောင်းပေါ့။

"Luhan မင်း ဘယ်​တော့ပြန်​မှာလဲ။"

ဆေးလိပ်​တိုကို ကြမ်းပြင်​ပေါ် ဖိချ နင်းချေရင်း
သူမေးတော့
Luhan မျက်​နှာလေး ငယ်​လာပါသည်

"မနှင်​လို့ မရဘူးလားဗျာ။
နေစရာနေရာလေး ပေးထားရတာကို
ဘာများ တွန့်​တိုနေတာလဲ။
သူတောင်​ အဖော်​ရသေးတာကို။"

အင်္ကျီခေါင်းစွပ်​က ကြိုးလေးကို လက်​လေး၂ဖက်​နဲ့
ချည်​လိုက်​ဖြည်​လိုက်​ ဆော့နေပြန်​ပါသည်​။

နှုတ်​ခမ်းလွှာလေးတွေကလည်း
မသိမသာစူကာဖြင့်​။

ဒါတွေကြောင့်​ မင်းကို လက်​မခံထားချင်​တာ။

မျက်​နှာလွှဲပစ်​လိုက်​ရသည်​။

"ငါ လူတွေနဲ့ အပေါင်းအသင်းမလုပ်​ချင်​ဘူး။
ငါ ဘယ်​သူ့ကိုမှ မကယ်​တင်​နိုင်​ဘူး။
အဲ့လိုလုပ်​ဖို့လည်း အရည်​အချင်းမရှိဘူး။"

Hunhan_one short collection Tahanan ng mga kuwento. Tumuklas ngayon