"မင်းတို့ ထပ်ပြီး ရန်ဖြစ်ပြန်ပြီလား!!!"
စားပွဲကို ဖိုင်ထပ်ဖြင့် ဖြန်းကနဲ ရိုက်ချကာ
အော်လိုက်သည့် Luhan အသံကြောင့်
ရုံးခန်းရှိ တခြား ဆရာများက ကွက်ကြည့် ကွက်ကြည့်။"သူတို့က ကျနော့်ကို....."
"မင်းက အရင်ရန်စလိုက်တာ ငါသိတယ်။"
ထိုအခါ ကလေးမှာ ခေါင်းငုံ့ မျက်လွှာချထားရင်း
ခံမငြင်းတော့ချေ။နှုတ်ခမ်းထောင့်မှာ သွေးစက်တို့ ထင်းနေကာ
အနည်းငယ် ယောင်ကိုင်းနေတာကို စေ့စေ့ကြည့်ရင်း
Luhan သက်ပြင်းချရသည်။"အဝတ်အစားကိုရော မင်း ဘယ်လိုဝတ်ထားပြန်တာလဲ?"
ကျောင်းဝတ်စုံ အင်္ကျီအဖြူကို အပေါ်မှထပ်၍
အတွင်းရှိ စွပ်ကျယ် အနက်ခံ ဝတ်ထားတာဖြစ်သည်။"ဆေးပေးခန်းကို သွားပြီး ဆေးသွားထည့်...သွား။"
"ကျနော့်ကို မဆူတော့ဘူးလား?"
"မဆူတော့ဘူး။ တခြား စာသင်ခန်းကို ရွှေ့ပစ်မယ်။
အခန်း E မှာ နေချင်တယ်မလား?""ဟာ....ဆရာ!!"
Luhan က မိမိသင်ကြားသော သင်္ချာစာအုပ်ကို ယူ၍
စာသင်ချိန်ဝင်ဖို့ရာ ထိုကျောင်းသားအား
ချန်ထားရစ်ခဲ့လေတော့သည်။❣️❣️❣️
_Luhan မနက်ဖြန်လာမယ်မလား?_
ဖုန်းထဲ ဝင်လာသော စာတိုကိုဖတ်ရင်း
Luhan ခဏမျှ စဉ်းစားလိုက်သေးသည်။အင်း..... အလုပ်ပင်ပန်းထားတာမို့ သူငယ်ချင်းတွေနဲ့ဆုံပြီး
တစ်ခွက်မျှ သောက်လိုက်ရင်လည်း မဆိုးဘူးပဲ။_လာခဲ့မယ်။ လိပ်စာ ပို့ထား_
Luhan ၏ ပြန်စာရောက်ပြီး မကြာခင်မှာပင်
Group chat ထဲ လိပ်စာတစ်ခု ထပ်ရောက်လာသည်။Luhan က ကြည့်ကာ မှတ်သားလိုက်ပြီး
ဖုန်းကို ပြန်ချမည်အပြု......_ဟေ့ဟေ့....မင်းတို့ကြားပြီးပြီလား?
Oh Sehun လေ ဒီကို ပြန်ရောက်နေပြီတဲ့။_Luhan မှာ သောက်လက်စ ကော်ဖီပင် သီးရတော့၏။
_ဟိုမှာ အိမ်ထောင်ကျမယ်ထင်တာကွာ။
လူလွတ်အနေနဲ့ ပြန်လာမယ်မထင်ထားဘူး။_