Enemy to Lover (Part 1)

2.7K 104 5
                                    


#Unicode

Hello ပထမဆုံး Winrina short stories လေးရေးဖို့ ဒီလိုလေး ဖန်တီးလိုက်ရခြင်း ဖြစ်ပါတယ် လတ်တလော Winrina ficလေးတွေက သိပ်မရှိသေးတော့ ကျနော်က အပိုင်းတို ဒါမှမဟုတ် One shotလေးတွေ ခေါင်းထဲပေါ်လာရင် ချရေးပြီး ဒီမှာလာ updateပေးမှာဘဲ ဖြစ်ပါတယ်။

ဒါဆို Ficလေး စဖတ်ရအောင်နော်။

💃💃

"ဒီနှစ်လည်း ငါတို့ကောလိပ်ရဲ့ The Whole Queen က Winter ဘဲ ဖြစ်မယ်ထင်တယ် "

"ဒါပေါ့ကွ ဒီကောလိပ်မှာ Winter ရဲ့ အလှကို မှီမယ့်သူမရှိဘူးလေ သူဘဲရမှာ သေချာတယ် "

ကောလိပ်ထဲ ဝင်လာချင်းချင်း ကောင်လေးနှစ်ယောက်ရဲ့ ပြောစကားကြောင့် Winter ကျေနပ်ပြီး ပြုံးလိုက်သည်

ဒါဘဲလေ ကောလိပ်မှာ သုံးနှစ်လုံးလုံး သူမကဘဲ The Whole Queen ဖြစ်လာခဲ့တာ ဒီနှစ်လည်း သူမဘဲ Queen ထပ်ရမယ်လို့ Winter တွေးထားမိသည်

သို့သော်လည်း နောက်ဆုံး Final yearမှာတော့ Winter တွေးထားသလိုဖြစ်မလာခဲ့ပေ

"အားလုံးဘဲ ဒီနေ့ Teacherတို့ဆီကို ကျောင်းသူအသစ်ပြောင်းလာတယ် ကြိုဆိုလိုက်ရအောင် "

အတန်းထဲ ဝင်လာတဲ့ ပုတုန်းရောင် ဆံပင်အနက်ရောင်ကိုမှ အရှည်လေးနဲ့ မျက်လုံးဝိုင်းဝိုင်းနဲ့   ကောင်မလေးကြောင့် ကောင်လေးတွေအပြင် ကောင်မလေးတွေပါ ပါးစပ်အဟောင်းသားနဲ့ ဖြစ်ကုန်သည်

"မဂ်လာပါ ငါက အခုမှ ဒီကို ပြောင်းလာတဲ့ ကျောင်းသူ အသစ် Karinaပါ ငါ့ကို ခင်ပေးကြပါအုံး "

"ခင်ပါမယ် ငါနဲ့အတူ လာထိုင်ပါ "

"ဝါး လှလိုက်တာ "

"ဆံပင်အရှည် အနက်ရောင်လေးနဲ့ ကျက်သရေရှိလိုက်တာကွာ "

"မှည့်လေးကအသက်ဘဲ ဒီနှစ်တော့ ဒီတစ်ယောက်က လုံးဝ Queen ဖြစ်မှာဘဲ "

ကောင်လေးတွေရော ကောင်မလေးတွေရော Karinaကို သဲသဲလှုပ်ကြိုဆိုနေကြပေမယ့် မကြိုဆိုနိုင်သူ တစ်ဦးကား Winter ပင် ဖြစ်သည်

သူမရဲ့ Queen နေရာကို Karinaက လုသွားမှာကို စိတ်ပူနေမိသည်

"Karina သမီးက လွတ်နေတဲ့ နေရာမှာ ဝင်ထိုင်လိုက်နော် "

Winrina Short stories Where stories live. Discover now