Heartbreak Hotel Part 6

434 49 4
                                    

#unicode

Minjeong ဆီကနေ Jimin ထွက်ပြေးလာတာ တစ်နှစ်ကျော်ရှိပြီ....ယခုဆို Winterဆိုတဲ့ ကလေးလေး လူ့လောကထဲ ရောက်ရှိလာပြီ ဖြစ်သည်

Minjeongတစ်ယောက် ဘယ်ရောက်နေလည်း မသိပေမယ့် Jiminကတော့ တစ်နှစ်ကျော်ပေမယ့် နေ့တိုင်း ညတိုင်း Minjeongကို မေ့နိုင်ဖို့ ကြိုးစားနေတုံးပင်....

Jimin သူမလက်ထဲ အိပ်ပျော်နေတဲ့ ကလေးသေးသေးလေးကို မျက်တောင်မခတ်ကြည့်နေမိသည်

ကလေးလေးက Minjeongနဲ့ တော်တော်တူသည်.......ကလေးသန္ဓေတည်စဉ်ကလည်း Minjeongကို Jimin တော်တော်ချစ်ခဲ့လို့ အခုလို တူနေခြင်း ဖြစ်နိုင်သည် ဟုတ်မဟုတ်တော့ Jimin သေချာမသိ ရှေးလူကြီးတွေ ပြောတာ ကြားဖူးခြင်းပင် ဖြစ်သည်

"I'm home...."

အိမ်ထဲကို အပြုံးတွေနဲ့ ဝင်လာသူက Giselle.....

Giselleဆိုတဲ့ ကောင်မလေး တစ်ယောက်. ...သူမက အဲ့နေ့က....Minjeongဆီက Jimin အရူးလို ထွက်ပြေးလာတဲ့ နေ့က.......ဘာကိုမှ သတိမထားမိဘဲ အရူးလိုငိုပြီး ကားလမ်းမပေါ်ပြေးရင်း ကားတိုက်မိမလို ဖြစ်ခဲ့တဲ့ Jiminကို ကယ်တင်ခဲ့တဲ့ Giselle ......

သွားစရာနေစရာမရှိတဲ့ Jiminကို အိမ်ပေါ်ခေါ်တင် ကျွေးထားတဲ့ Giselle..

Giselleလို့သာ သူမနာမည်ကို Jimin သိထားသည် ကျန်တဲ့ အကြောင်းအရာတွေတော့ Jimin  မသိ....စပ်လည်းမစပ်စုချင်ပါ သူမကို စားစရာ နေစရာနဲ့ လုံခြုံမှုပေးထားတာကိုဘဲ Jimin ကျေးဇူးတင်မိသည်

"လူတစ်ယောက်လုံး လာတာကို မမြင်ရအောင် မင်း သောက်လုံးကန်းနေတာလား "

Minjeong တစ်ယောက် Jimin သူမဆီက ထွက်သွားတဲ့နေ့ကစပြီး လိုက်ရှာရင်း အရက်ဂျိူး ဖြစ်နေခဲ့တယ်

ယခုလည်း အရက်တွေမူးပြီး လူတစ်ယောက်ကို ဝင်တိုက်တယ်လေ

"ငါ ကန်းနေတယ်ဆို မင်းကျ ဘာလို့မရှောင်တာလည်း ငါလာတာ မင်းမြင်ရင်ရှောင်လေ "

"ဘာ ကောင်မ ငါ့ကို ပြန်ပြောတယ်ပေါ့လေ "

ထိုအမျိုးသားမှာ စိတ်တိုပြီး မူးနေတဲ့ Minjeongကို ပိတ်ရိုက်လေသည်

Minjeong လဲကျသွားတော့ မကျေနပ်သေးဘဲ ခြေထောက်တွေနဲ့ပါ ထပ်ကန်သည်။

Winrina Short stories Where stories live. Discover now