#Unicode
Winter မျက်လုံးဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက သူမ မရင်းနှီးတဲ့ မျက်နှာကြတ်တစ်ခုပင်
မျက်နှာကြတ်ကို မျက်တောင်အခတ် ကြည့်ရင်း ခန္ဓာကိုယ်မှာ အဝတ်အစားတွေမရှိသလို ခံစားရသောကြောင့် စောင်အောက်ထဲ လက်လျိုပြီး စမ်းကြည့်သောအခါ
"ဟင်...."
Winter အဝတ်အစားမပါတဲ့ သူမ ခန္ဓာကိုယ်ကြောင့် လန့်ပြီး ချက်ချင်းထထိုင်လိုက်သည်
သူမဘေးနား တစ်ယောက်ယောက်ရှိနေသလို ခံစားရလို့ ကြည့်လိုက်တော့ Karina. ..
Winter သိချင်စိတ်နဲ့ Karina ခြုံထားတဲ့ စောင်ကိုဖယ်လိုက်တော့ အဝတ်အစားမပါတဲ့ Karinaရဲ့ ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်
Winter တုန်လှုပ်ခြောက်ခြားနေတုံး Karinaက တစ်ဖက်ကို လှည့်အိပ်လိုက်သည်
Karinaရဲ့ နောက်ကျောက အစင်းကြောင်းတွေကို ကြည့်ရင်း
"Umm Karina. .....နင့်ကို ငါချစ်တယ် ...."
သူမ ကိုယ်ခန္ဓာပေါ် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေတဲ့ Karina ကြောင့် Winter သာယာမှုရပြီး ညည်းညူနေသည်
"ငါ့ကို နမ်းပါအုံး Winter. .."
Winter မနေ့ညက သူမတို့ ဖြစ်ပျက်ခဲ့တာတွေကို အစအဆုံးပြန်သတိရသွားသည်
"အားးးးး"
Winter အသံကျယ်ကြီးနဲ့ အော်ပြီး သူမကို ကျောပေးအိပ်နေတဲ့ Karinaကို ခြေထောက်နဲ့ ကန်ချသည်
ဘုန်း!
Karina တစ်ယောက် အိပ်နေတုံး အကန်ခံရပြီး ကုတင်ပေါ်က ပြုတ်ကျလာသောကြောင့် လန့်နိုးလာသည်
"အား နာလိုက်တာ ဘာလုပ်တာလည်းဟ "
Karina ကုတင်အောက်က ကုန်းရုန်းထပြီး အိပ်ချင်မူးတူးဖြစ်နေသည်
"လူယုတ်မာ မကောင်းတဲ့သူ နင်.... နင် ငါ့အပျိုစင်ဘဝကို ဖျက်စီးပစ်တာ "
"အံမယ် နင်ရောလေ....နေပါအုံး အဲ့လို ဖြစ်အောင် နင်ဘဲစခဲ့ပြီး...."
"နင့်ကို ငါမုန်းတယ် Karina "
"မနေ့ညက ပြောတော့ ချစ်တယ်ဆို "
