Heartbreak Hotel Part 4

455 51 4
                                    

#UNICODE

ဒီအရာက  Jimin အလိုချင်ဆုံး အရာပါဘဲ....ဘယ်အရာလည်း Minjeongဟာ သူမကို နာကျင်မှုတွေကနေ အဝေးကိုခေါ်သွားစေမယ့် အရာ....

Minjeongလည်း Jimin ဖြစ်စေချင်တဲ့အတိုင်း လုပ်ပေးခဲ့ပါတယ်.....

Minjeongတို့ နေ့ရက်တိုင်း သွားရင်းစားရင်း ဖြတ်သန်းခဲ့တာ နှစ်ပတ်လောက်ရှိနေပြီ

စားသောက်ဆိုင်ရောက်တိုင်း Minjeongက လူကြီးလူကောင်းပီသစွာ Jiminအတွက် အမြဲနေရာပေးလေ့ရှိသည်

ယခုလည်း စားသောက်ဆိုင်တစ်ဆိုင်မှာ Minjeongတို့ ရောက်နေကြသည်

တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့်နေရင်း ဆိုင်ထဲက အမူးသမားတစ်ယောက်က ထိုင်နေတဲ့ Jiminကို ဝင်တိုက်သွားသည်

Minjeong စိတ်မတိုမိအောင် ထိန်းရင်း Jiminကိုသာ စိုက်ကြည့်နေသည်

သို့သော် နောက်အမူးသမားတစ်ယောက်က Jiminကို ဝင်တိုက်လိုက်တော့ Minjeong စိတ်ကိုထိန်းမရတော့ပေ

"Oh sorry "

အမူးသမားမှာ Jiminကို တောင်းပန်ရင်း ကြည့်လိုက်တော့

"ဟာ အချောလေးပါလား တစ်ယောက်တည်းလား....."

minjeong ဒေါသထိန်းမရလို့ ဝိုင်ပုလင်းကို ကောက်ကိုင်ပြီး ထရပ်လိုက်သည်

"ဟေ့ကောင် "

Minjeong အသံကြောင့် အမူးသမားမှာ Minjeongကို ကြည့်လိုက်ပြီး

"ဘာလည်း ဂျပုမ မင်းက ဘာဝင်လျှာရှည်တာလည်း "

"အဲ့တာ ငါ့ကောင်မလေး......မင်းဖယ်စမ်း '

"Hk မိန်းကလေးချင်း တွဲလို့ ဘာအရသာရှိမှာလည်း Oppaနဲ့တွဲစမ်းပါ "

အမူးသမားပြောပြီး Jimin  ပခုံးကို ကိုင်လိုက်တော့ Minjeong ဒေါသထွက်လာပြီး အမူးသမားကို ဆောင့်တွန်းလိုက်သည်

"Hey Hey Minjeong စိတ်လျော့ "

Minjeong ရန်ထပ်ဖြစ်မှာဆိုးလို့ အမူးသမားထမလာခင် Minjeong လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲကနေ ပြေးထွက်လာခဲ့သည်

"ဒေါသနဲ့ အရာအားလုံး ဖြေရှင်းလို့ မရဘူး Minjeongရဲ့ "

Bus ကားဂိတ်တွင် ကားစောင့်ရင်း Minjeongကို Jimin ဆုံးမနေသည်

Winrina Short stories Where stories live. Discover now