Heartbreak Hotel final

839 51 4
                                    

#unicode

"ဝမ် ၂၀၀၀ကျပါတယ် "

Jimin မှာ Giselle အိမ်ကို ဧည့်သည်လာမှာမို့ အပြင်ကို ရှောင်ထွက်တဲ့အနေနဲ့ စတိုးဆိုင်လေးတွင် မုန့်လာဝယ်နေသည်

Winter (ကလေးနာမည်ဘာပေးရမှန်းမသိလို့ Winterလို့ပေးလိုက်ပါသည်) လေးကတော့ ဘေးအိမ်က Taeyeon Unnie က ထိန်းချင်တယ်ဆိုလို့ ပေးထားခဲ့ခြင်း ဖြစ်သည်

Jimin စတိုးဆိုင်က အထွက် Giselle နဲ့ သောက်ဖို့ စတိုးဆိုင်ထဲ ဆိုဂျူ ဝင်ဝယ်တဲ့ Minjeong နဲ့ မျက်နှာချင်းဆိုင် တွေ့လေသည်

"Ji. ...Jimin "

Jiminမှာ Minjeongနဲ့ ထိပ်တိုက်တွေ့လို့ လန့်သွားလေသည်......

ထွက်ပြေးမယ်လုပ်တော့ Minjeongက Jimin လက်ကို လှမ်းဆွဲလိုက်သည်

"ရေခဲမုန့် စားရအောင်......"

အနီးအနားက ပန်းခြံတစ်ခုတွင် Jiminတို့ ထိုင်ပြီး ရေခဲမုန့်စားနေကြသည်

"မတွေ့ရတာ အတော်ကြာရောပေါ့ ဘယ်လိုလည်း အဆင်ပြေလား "

Minjeong ရေခဲမုန့်စားရင်း မေးလိုက်သည်

"ပြေပါတယ် နင်နဲ့ Soo Heeရော ဘယ်လိုလည်း အဆင်ပြေရဲ့လား "

"မင်း ဘာပြောချင်တာလည်း သူနဲ့ကိုယ်က ဘာမှမဟုတ်ပါဘူး.....ကိုယ် မင်းကို အရမ်းလွမ်းနေတာ....သိလား... ....."

"လျှောက်ပြောနေတာ.......ဒါဆို ဘာလို့ သူနဲ့ ခဏခဏတွေ့ခဲ့တာလည်း "

"ကိုယ် မင်းကို propose လုပ်မလို့ သူ့ကို အကူအညီတောင်းထားတာ Jimin. .သူက မင်ရဲ့သူငယ်ချင်းမို့လို့ ကိုယ် သူ့ကိုအကူအညီတောင်းလိုက်တယ .....မင်း ထွက်သွားတဲ့ နေ့ကလည်း မင်းကို proposeလုပ်မယ့် လက်စွပ် Barမှာ ကျန်ခဲ့လို့ သူက ဖုန်းဆက်ပြောလို့ကိုယ်သွားယူခဲ့တာ Damn မင်းကို ကိုယ် စောက်ရမ်းချစ်တာ မသိဘူးလား Jiminရာ...ဘာလို့ အထင်လွဲရက်တာလည်း....."

Minjeong ပြောရင်း မျက်ရည်တွေဝဲလာသည်

"အခုရော......."

"ကိုယ့်ကို တစ်ခါလောက် ယုံကြည်ပေးပြီး အခွင့်အရေးလေး ပေးပါ.....နော် Jimin...."

Jimin လည်း သူ့ချစ်ရသူကို ပြန်တွေ့ရပြီး အခြေအနေမှန်ကို သိရလို့ မျက်ရည်တွေကျလာသည်

Winrina Short stories Where stories live. Discover now